အစားအသောက်တွင် ဓာတုဆိုးဆေး ပါ/မပါ စစ်နိုင်မည့် ဓာတ်ခွဲခန်းကား တနင်္သာရီတိုင်း မရောက်သေး

0
445

အစားအသောက်များတွင် ဓာတုဆိုးဆေး၊ ဖော်မလင် အစရှိသည့် ဓာတုပစ္စည်းများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးနိုင်
မည့် ရွေ့လျားဓာတ်ခွဲခန်း(ကား)ကိုတနင်္သာရီတိုင်းသို့ လွှဲပြောင်းပေးခြင်း
မရှိသေးကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)
ထံမှ သိရသည်။ဓာတုဆိုးဆေး ပါဝင်မှု ရှိမရှိကိုဈေးကွက်အတွင်းထိ စစ်ဆေးနိုင်မည့်ရွေ့လျားဓာတ်ခွဲခန်း(ဓာတ်ခွဲခန်းကား)
၁၄ စီးကို ယခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က တိုင်းနှင့်ပြည်နယ်အသီးသီးကို လွှဲ
ပြောင်းပေးလိုက်ကြောင်းDVB သတင်းဌာနတွင် ဝက်ဆိုက်တွင် ဖော်ပြထားသည်။

“အခုချိန်ထိ ကားမရောက်သေးပါဘူး၊ လာယူပါဆိုတဲ့ ညွှန်ကြားချက်လည်း
မရောက်သေးပါဘူး”ဟု FDA တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။ရွေ့လျားစစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းကားရောက်ရှိလာပါက အစားအသောက်များတွင် ဖော်မလင်၊ ပြဒါးအစရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေခြင်း ရှိ /မရှိကို နယ်မြို့ရှိ ဈေးများအထိသွားရောက်စစ်ဆေးနိုင်မည် ဖြစ်ကြောင်း၎င်းက ဆိုသည်။

ယမန်နှစ်ဇူလိုင်လအတွင်းက ရွေလျားဓာတ်ခွဲခန်းကားတစ်စီး ခေတ္တရောက်ရှိလာပြီး ထားဝယ်၊ ပုလောနှင့်
မြိတ်မြို့ရှိ ဈေးများတွင် ရောင်းချနေသည့်မုန့်ဖတ်၊ ပဲပြား အစရှိသည့် စားသောက်ကုန်များကို ဓာတ်ခွဲစစ်ဆေးခဲ့ဖူးသည်။လက်ရှိတိုင်းနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပေးခဲ့သည့် ရွေ့လျားဓာတ်ခွဲယာဉ်တစ်စီးလျှင် ကျပ်သိန်း၁၅၀၀ ခန့် တန်ဖိုးရှိကြောင်း ဒီဇင်ဘာလ၁၂ ရက်က DVB သတင်းဌာန၏သတင်းတွင် ဖော်ပြထားသည်။