စားသုံးရန်မသင့်သည့် ထိုင်းနိုင်ငံထုတ် မက်မန်းသီးတစ်မျိုး ဈေးကွက် အတွင်း သိမ်းဆည်းမည်

0
524

ထိုင်းနိုင်ငံထုတ် မက်မန်းသီးတစ် မျိုးကို ဓာတ်ခွဲစစ်ဆေးချက်အရ စားသုံးရန် မသင့်ကြောင်း အဖြေထွက်သည့်အတွက် ဈေးကွက်အတွင်း ကွင်းဆင်းသိမ်းဆည်း ရန် နိုဝင်ဘာလ နောက်ဆုံး အပတ်က ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးကော်မတီ အတွင်း ရေးမှူးက ပြောသည်။
ထိုင်းနိုင်ငံထုတ်NEW CHOICE အမှတ်တံဆိပ် မက်မန်းသီးတွင် ဓာတု တာရှည်ခံဆေး(Sodium Benzoate) သတ်မှတ်ပမာဏထက် ပိုနေသည့် အတွက် သိမ်းဆည်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဓာတုတာရှည်ခံဆေး(Sodium Benzoate) သတ်မှတ်ပမာဏထက် များပြားစွာ စားသုံးမိပါက အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေပြီး သတ်မှတ် ပမာဏထက် အနည်းငယ်ပိုမို စားသုံးမိ ပါက မျက်လုံးနှင့် အရေပြားယားယံခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ယောင် ရမ်းကာ ဝမ်းပျက် ဝမ်းလျှောဖြစ်နိုင်ကြောင်း အထက်ပါ အတွင်းရေးမှူးက ရှင်းပြ သည်။

ယင်းအတွက်ကြောင့် အထက်ပါ မက်မန်းသီးများကို ဈေးကွက်အတွင်း ကွင်းဆင်းသိမ်းဆည်းရန် တိုင်းအတွင်းရှိ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများကို ညွှန်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
“တွေ့ရင် ပစ္စည်းသိမ်းပြီး ခံဝန်ထိုး ခိုင်းမယ်၊ နောက်တစ်ခါထပ်တွေ့ရင် ကော်မတီကို တင်ပြပြီး ဥပဒေအရ အရေး ယူသွားမယ်”ဟု တိုင်းကော်မတီ အတွင်း ရေးမှူးက ပြောသည်။ထိုင်းနိုင်ငံထုတ်NEW CHOICE အမှတ်တံဆိပ် မက်မန်းသီး အနီနှင့် အဝါ တို့ကို ဓာတ်ခွဲစစ်ဆေးရာ မက်မန်း သီးအနီတွင် ဓာတုတာရှည်ခံဆေး သတ် မှတ်ပမာဏထက် ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တံဆိပ် မက်မန်းသီးကို ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်တချို့တွင် ရောင်းချလျက် ရှိသည်။