အရပ်သားကို ပစ်သတ်သည့် တပ်မတော် အရာရှိအမှု ခရိုင်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးမည်

0
416

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ နယ် ကုလားဂုတ်ကျေးရွာသားတစ်ဦးကို တပ်မတော် အရာရှိတစ်ဦးက သေနတ် ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို တပ်မတော် စစ်တရားရုံးမှ မော်လမြိုင် ခရိုင်တရားရုံး သို့ လွှဲပြောင်းစစ်ဆေးသွားမည်ဟု မော်လမြိုင်ခရိုင် တရားရုံးထံမှ သိရသည်။

၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်က ကုလားဂုတ်အလယ်ဆိပ်နေ ဦးတင်စိုး မြင့်ကို ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် (၅၈၇) ခြေမြန်တပ် ရင်းမှ ဗိုလ်ကြီးအောင်ကိုကိုမင်းက တပ် စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို တပ်မတော်စစ်တရားရုံးတွင် စစ်ဆေးစီ ရင်နိုင်ခြင်း မရှိသည့်အတွက် အရပ်ဘက် တရားရုံးသို့ လွှဲပြောင်းပေးခဲ့သည်ဟု မော်လမြိုင်ခရိုင်တရားရုံးထံမှ သိရသည်။

“အမှုတွဲက နိုဝင်ဘာလ ၁၉ ရက် မှာ ရောက်လာတယ်၊ အမှုကိုတော့ (ပ) ၂၃၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ စွဲထားတယ်၊ ဒီလ(ဒီ ဇင်ဘာလ) ၁၁ ရက် မှာ တရားလိုပြသက်သေကို ခရိုင်တရားရုံး မှာ စစ်ဖို့ရှိတယ်” ဟု မော်လမြိုင် ခရိုင် တရားသူကြီးက ပြောသည်။
ဦးတင်စိုးမြင့် အသတ်ခံရခြင်းနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ပြီး အဆိုပါ အမှုကို သက်ဆိုင်ရာနယ်မြေ တရားရုံး သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ကို နိုဝင်ဘာ ၂၆ ရက်က စာဖြင့် ကော်မ ရှင်က အကြောင်းပြန်ခဲ့သည်ဟု သေဆုံး သူ ဦးတင်စိုးမြင့်၏ဇနီး ဒေါ်ခင်ဆွေတင့် က ပြောသည်။
“အမှုနဲ့ပတ်သက်ပြီး အခုတော့ ခေါ်စာမရောက်သေးဘူး၊ ကျွန်မတို့က ဒီလိုနယ်ဘက် တရားရုံးမှာ စစ်တာကိုပဲ လိုချင်ခဲ့တာ၊ ဒါမှ ကိုယ့်မျက်စိနဲ့ နားနဲ့ တိုက်ရိုက်မြင်ရမယ် ကြားရမယ်၊ သူတို့ စစ်ခုံရုံးမှာ စစ်တာကကိုယ်တွေ ဘာမှ မသိရဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး ပေါ့၊ အခုလို လွှဲလိုက်တာကို ကျေနပ် တယ်”ဟု ဒေါ်ခင်ဆွေတင့်က ပြောသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံး၏ အကြောင်းပြန်စာတွင် တိုင် ကြားစာပါကိစ္စနှင့် စပ်လျဉ်း၍ ဗိုလ်ကြီး အောင်ကိုကိုမင်းကို မိမိနှင့် သက်ဆိုင် ခြင်း မရှိသည့် အရပ်သားများ၏ မြေ ယာအငြင်းပွားမှုကိစ္စတွင် ဝင်ရောက် ဖြေရှင်းခဲ့မှုနှင့် အရက်သေစာ သောက် စား မူးယစ်မှုတို့အတွက် တပ်မတော် ဥပဒေပုဒ်မ ၆၅၊ ၄၇ (၁) တို့ဖြင့် စွဲချက် တင်ကာ စစ်ဘက်ဆိုင်ရာတရားရုံးချုပ် တွင် စစ်ဆေးစီရင်၍ ယင်းတရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို အတည်ပြုနိုင်ရေး ဆောင်ရွက်ထားကြောင်း၊ အရပ်သားတစ် ဦးကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့မှု အတွက်မူ တပ်မတော် အက်ဥပဒေပုဒ်မ ၇၂ အရ စစ်ဘက်ဆိုင်ရာ တရားရုံးက စစ်ဆေးစီရင်နိုင်ခြင်း မရှိသဖြင့် ထိုအရာ ရှိကို သက်ဆိုင်ရာနယ်မြေတရားရုံးသို့ ဆက်လက်လွှဲပြောင်းပေးမည်ဖြစ်ကြောင်းဖော် ပြပါရှိသည်။

ဦးတင်စိုးမြင့် သေဆုံးမှုနှင့် ပတ် သက်ပြီး ဦးတင်စိုးမြင့်၏ဇနီး ဒေါ်ခင် ဆွေတင့်က တရားလိုပြုလုပ်ကာ ခမရ (၅၈၇)ဗိုလ်ကြီး အောင်ကိုကိုမင်း ကို အရေး ယူပေးပါရန် လမိုင်း နယ်မြေရဲစခန်း တွင် တိုင်ကြားခဲ့ရာ လမိုင်းနယ် မြေရဲစခန်း မှ (ပ)-၁၄^၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် အရေးယူ ထားခဲ့ရာမှ သက်ဆိုင်ရာတပ် ရင်းက စစ်စည်းကမ်းဥပဒေနှင့် အရေးယူ မည်ဖြစ် သည့်အတွက် အမှုတွဲကို တပ်မတော်သို့ လွှဲပြောင်းပေးခဲ့သည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ နယ် အတွင်း၌ ၂၀၁၆ ခုနှစ် မတ်လခန့် တုန်းကလည်း ခေါဇာမြို့နယ်ခွဲ မန်းကျည်း ချောင်းဝရွာသား ၂ ဦးကို ကမ်းရိုးတန်း တပ် တပ်ရင်းအမှတ် ၂၈၀ မှ ဗိုလ်ကြီး တစ်ဦးက သေနတ်ဖြင့် ပစ်သတ်မှု ရှိခဲ့သလို ၂၀၁၇ ခုနှစ် ဩဂုတ်လ ခန့်တုန်း ကလည်း ရေဖြူမြို့နယ်၊ ကျွဲသုံးညီမ ကျေးရွာအုပ်စု၊ မဲသံတောင် ကျေးရွာ အခြေစိုက်သည့် ရေတပ်က ရေလုပ်သား တစ်ဦးကို စစ်ဆေးရိုက်နှက်ရင်း သေဆုံး သွားမှု ရှိခဲ့သည်။