ခရီးကြမ်းသည့် ပိုးခေါင်းတောင်တက်ရန် ဖိတ်ခေါ်

0
461

ထားဝယ်ဒေသအတွင်း ခရီးလမ်း အကြမ်းဆုံးနှင့် အမြင့်ဆုံးတောင်များ အနက် တစ်ခုဖြစ်သည့် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ပိုးခေါင်းတောင်သို့ တက်ရောက်မည့်ခရီးစဉ်တွင် လိုက်ပါ လိုသူများကို ထားဝယ်တောင်တက်အဖွဲ့ (DMRT) မှ ဖိတ်ခေါ်လိုက်သည်။

အမြင့်ပေ ၃၆၇၂ ရှိသော ပိုးခေါင်း တောင်ကို ဒီဇင်ဘာလ ၁၅ ရက်တွင် တက်ရောက်မည်ဖြစ်ပြီး တောင်ပေါ်တွင် တစ်ညအိပ်ကာ ၁၆ ရက်တွင် ပြန်ဆင်း မည်ဖြစ်ရာ ခရီးစဉ်တွင် လိုက်ပါလိုသူ များ မည်သူမဆို စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း DMRT အဖွဲ့ခေါင်းဆောင် ကိုမျိုးမင်းက ပြောသည်။
“တောကလည်း တောရိုင်း၊ တောင် ကလည်း တောင်ရိုင်း၊ လမ်းတွေကအစ မရှိဘူး။ ဒါပေမယ့် စီမံခန့်ခွဲအပိုင်းကို အားလုံး ခေါင်းချင်းဆိုင်ပြီး ပြင်ဆင်ထား ပါတယ်။ တောင်တက် အတွေ့အကြုံမရှိ သူတွေအတွက်လည်း ကြိုတင် စီမံချက် တွေ ရေးဆွဲထားတယ်”ဟု ကိုမျိုးမင်းက ပြောသည်။
ခရီးစဉ်အတွင်း တောင်ခြေရှိ ၀ဇွမ်း တောရွာဒေသခံများနှင့် ရပ်ရွာဖွံ့ဖြိုးရေး အထောက်အကူပြု စကားဝိုင်းဖွဲ့ဆွေးနွေး ခြင်းလည်း ပါဝင်မည်ဖြစ်ပြီး တော တောင်သဘာဝရှုခင်းများ၊ သဇင်၊သစ်ခွ၊ ၀ဥ၊ ရှားပါးဆီအုန်း စသည့် အပင်မျိုး စိတ်များ၊ တောင်ပေါ်မှ မြင်တွေ့ရမည့် ပင်လယ်ပြင်ရှုခင်း၊ တောင်တန်းရှုခင်း များကို ကြည့်ရှုခံစားရမည်ဖြစ်ကြောင်း ထားဝယ်တောင်တက် အဖွဲ့(DMRT)က ကြေညာထားသည်။

ခရီးစဉ်ကို ဒီဇင်ဘာ ၁၄ ရက် ညနေတွင် ထားဝယ်မြို့မှ စုဝေးထွက်ခွာ မည်ဖြစ်ပြီး လိုက်ပါမည့်သူများအား ခရီးစဉ်အတွက် ဆောင်ရန်၊ ရှောင်ရန်နှင့် လိုအပ်ချက်များကို ခရီးစဉ်မစမီ တစ် ပတ်ကြိုတင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ကိုမျိုးမင်းက ပြောသည်။
“ကိုယ့်ဘာသာကိုယ် ကြိုပြင်ရ မယ်၊ ရေကအစ ကိုယ့်ဘာသာကိုယ်သယ် ပေါ့။ ခရီးကြမ်းမှာ ကိုယ့်ဘာသာကိုယ် ဖြတ် သန်းတတ်တဲ့ အလေ့အထမျိုး ဖြစ် စေချင်လို့ပါ”ဟု ကိုမျိုးမင်းက ပြော သည်။
လူငယ်များ မိုဘိုင်းဂိမ်းဆော့ခြင်း ဖြင့်အချိန်ဖြုန်းနေမည့်အစား တောင် တက်ခြင်းကို စိတ်ဝင်စားလာစေရန် ရည် ရွယ်၍ တောင်တက်ခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခရီးစဉ်တွင် လိုအပ်သည့် အထောက် အပံ့ပစ္စည်းများကို အရန်အဖြစ် (DMRT) မှ စီစဉ်ထားမည်ဖြစ်ပြီး၊ ဒေသခံ လမ်းပြ များ၊ လုံခြုံရေးအဖွဲ့ဝင်များ ပူးပေါင်း လိုက်ပါကြမည်ဟု ၎င်းက ပြောသည်။
ထားဝယ်တောင်တက်အဖွဲ့ (DMRT)ကို ထားဝယ်ဒေသခံ တောင်တက် အတွေ့အကြုံရှိပြီးသော လူငယ်တစ်စုက ယခုနှစ်လယ်ပိုင်းတွင် စုပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ပြီး ယခုပိုးခေါင်းတောင် တက်ခရီးစဉ်မှာ ၎င်းအဖွဲ့က စီစဉ်သည့် ပထမဆုံး တောင်တက်ခရီးစဉ် တစ်ခု ဖြစ်သည်။
တောင်တက်ခရီးစဉ်တွင် လိုက်ပါ လိုသူများအနေဖြင့် DMRT-Dawei Mountain Rescue Team ဖေ့စ်ဘုတ် စာမျက်နှာတွင် လည်းကောင်း၊ ဖုန်း ၀၉၂၅၄၅၉၆၃၆၄၊ ၀၉၆၉၂၃၂၂၂၅၅ သို့ ဆက်သွယ်၍လည်းကောင်း ဒီဇင်ဘာလ ၇ ရက် နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။