ကော့သောင်းတွင် ၁၁ လအတွင်း ကြိုးဆွဲချသေဆုံးသူအားလုံး အမျိုးသားများဖြစ်

0
459

ကော့သောင်းမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ၁၁ လတာ ကာလအတွင်း ကြိုးဆွဲချ သေဆုံးသူအားလုံး အမျိုးသား များ ဖြစ်နေကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။

၁၁ လတာ ကာလအတွင်း ကြိုးဆွဲ ချသေဆုံးမှု ၇ မှု ဖြစ်ခဲ့ပြီး နောက်ဆုံးဖြစ် ပွားသည့်အမှုမှာ နိုဝင်ဘာ ၂၆ ရက်က ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ ၈ မိုင်ရှိ ဥယျာဉ်ခြံအတွင်း နေအိမ် တစ်ခု တွင် အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အပါအဝင် ကြိုးဆွဲ ချ သေဆုံးသူ ၇ ဦးစလုံးမှာ အမျိုးသား များဖြစ်ပြီး ဇန်နဝါရီလတွင် ၁ ဦး၊ ဖေဖော်ဝါရီလတွင် ၂ ဦး၊ မတ်လတွင် ၁ ဦး၊ ဩဂုတ်လတွင် ၂ ဦး၊ နိုဝင်ဘာလ တွင် ၁ ဦးဖြစ်ကြောင်း အထက်ပါ ရဲ စခန်း တာဝန်ရှိသူက ပြောသည်။

၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင်လည်း ကော့သောင်းမြို့နယ်တွင် ကြိုးဆွဲချသေ ဆုံးသူ ၁၈ ဦးအထိရှိခဲ့ပြီး အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦး ဖြစ်ကာ သတ် သေသည့် အကြောင်းအရင်း အတိအကျ ကို မသိရကြောင်း အထက်ပါ ရဲစခန်း မှတ်တမ်းအရ သိရသည်။