မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့် လျှောက်ထားမှု ကုမ္ပဏီများကို ဦးစားပေးနေဟု ဒေသခံများ စွပ်စွဲ

0
480

ထားဝယ်ခရိုင်၊ ရေဖြုမြို့နယ် ကျေးဇူးတော်ကျေးရွာရှိ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းများကို လုပ်ကိုင်ခွင့်လျှောက် ရာတွင် သက်ဆိုင်ရာဌာနက ကုမ္ပဏီများ ကိုသာ ဦးစားပေးလျှောက်ထားခွင့်ပြုနေ ကြောင်း ယင်းကျေးရွာသားအချို့က စွပ် စွဲလိုက်သည်။
ယခင် ရွှေပဒုမ္မာကုမ္ပဏီက လုပ်ကိုင် ခွင့်ရထားသော ယင်းကျေးရွာရှိမြေဧက ၁၂၀၀ ကျော်အနက် ၉၀၀ ကျော်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က သိမ်းယူပြီး မြေလွတ်၊ မြေ လပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ကို ယခုနှစ် ဧပြီလတွင် ပြန်လည် လျှောက်ထားခွင့်ပြု ခဲ့သည်။
ယင်းမြေများကို ဒေသခံများနှင့် ရွှေပဒုမ္မာကုမ္ပဏီတို့ အပြိုင်လျှောက်ထား ခဲ့ကြသော်လည်း ဒေသခံများမှာ မြေယာ လုပ်ကိုင်ခွင့်လျှောက်လွှာ ပုံစံ(၁) အဆင့် တွင်ပင် ကြန့်ကြာမှုများရှိနေကြောင်း ကျေးဇူတော်ကျေးရွာသား စောချစ်ဝင်း ထူးက ပြောသည်။

“အခုလက်ရှိမှာတော့ ဒေသခံတွေ ကို ဦးစားပေးတဲ့အဆင့်မှာမရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့အပြိုင် လျှောက်တဲ့အထဲမှာ ကုမ္ပဏီတွေကတော့ ကန့်ကွက်လွှာခေါ်တဲ့အဆင့်ဖြစ်နေပြီ။ ကျွန်တော်တို့မှာ ပုံစံ(၁) မဖြည့်ရသေး ဘူး” ဟု စောချစ်ဝင်းထူးက ဆိုသည်။
ဒေသခံများမှာ ပုံစံ(၁) လျှောက် ထားရန်အတွက် ကလိန်အောင်မြို့ မြေစာရင်းရုံးကို အကြိမ်ကြိမ် သွား ရောက်ခဲ့သော်လည်း လက်ရှိအခြေအနေ အထိ ယင်းပုံစံ(၁) လျှောက်လွှာ မရသေး သည့် သေခံအချို့ ရှိနေဆဲဖြစ်ကြောင်း ကျေးဇူးတော်ရွာသား စောကျော်ရဲအောင် ကပြောသည်။

“ကျှန်တော်ဆို သုံးလေးခေါက် လောက်ရှိနေပြီ သွားလျှောက်နေတာ။ အခုထိ ပုံစံ(၁) တောင် မလုပ်ပေးဘူး” ဟု စောကျော်ရဲအောင်က ဆိုသည်။
(MIC) က ပြန်လည်လျှောက်ထားခွင့်ပြုသည့်အချိန်မှစပြီး ကုမ္ပဏီ၊ ဒေသ ခံဟု မခွဲခြားဘဲ လာလျှောက်သူမှန်သမျှ ကို စိစစ်ပြီး ခရိုင်မြေစာရင်းဌာကို ထပ်မံ တင်ပြပေးနေကြောင်း ကလိန်အောင်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ဦးစီးမှူး ဦးတင့်လွင်က ပြောသည်။
လက်ရှိတွင် ဒေသခံများလျှောက် ထားသည့် ပုံစံ(၁) လျှောက်လွှာ ၄၀ နီး ပါးကို ခရိုင်မြေစာရင်းကို တင်ပြပေးထား ပြီး နောက်ထပ် လျှောက်လွှာများကိုလည်း ထပ်မံတင်ပြပေးရန်ရှိနေသေးကြောင်း ဦးတင့်လွင်က ပြောသည်။

တိုင်းအစိုးရအဖွဲ့က ယင်းလျှောက် လွှာများကို စစ်ဆေးပြီး ကန့်ကွက်သူ ရှိ၊ မရှိ ကြေညာပေးရန် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနများထံ ပြန်လည်ညွှန်ကြား ကြောင်း ဦးတင့်လွင်က ပြောသည်။
(MIC) က ပြန်လျှောက်ခွင့်ပြုထား သည့် မြေဧက ၉၀၀ ကျော်တွင် ကျေးဇူး တော်ကျေးရွာနှင့် နှမ်းကျဲကျေးရွာတို့မှ ဒေသခံ တစ်ရာနီးပါးက လုပ်ကိုင်ခွင့် ရရန် လျှောက်ထားနေကြကြောင်း ဒေသ ခံအချို့ထံမှ သိရသည်။