မြိတ်တွင် ဆိုင်ကယ်အစီးတစ်ရာကျော်ဖြင့် ယာဉ်မတော်တဆမှုလျော့ကျရေး လှုံ့ဆော်

0
505

ယာဉ်မတော်တဆမှုများ လျော့ နည်းကျဆင်းစေရေး အသိပညာပေး သည့်အနေဖြင့် မြိတ်တွင် ဆိုင်ကယ်အစီး ရေ တစ်ရာကျော်စီးနင်းပြီး လှုံ့ဆော်ခဲ့ ကြောင်း အမှတ် ၇၆ ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံး(မြိတ်)ထံမှ သိရသည်။
အမှတ် ၇၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှူးရုံး(မြိတ်)၏ ဦးဆောင်မှုဖြင့် ဆိုင် ကယ်အစီးရေ ၁၃၀ စီးက ဆိုင်ကယ် ဦးထုပ်များဆောင်းကာ နိုဝင်ဘာလ ၃၀ ရက်နေ့က စီးနင်းခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်စီးနင်းမောင်းနှင်မှု အသိ ပညာပေး ကမ်ပိန်း ( Campaign ) အစီ အစဉ်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြိတ်အပျော်တမ်းမော်တော်ဆိုင်ကယ်စီး အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဆိုင်ကယ်အငှားယာဉ်များ ပါဝင်ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။

မြိတ်မြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ မှ နိုဝင်ဘာလအထိ ယာဉ်မတော်တဆ မှုပေါင်း ၁၆၆ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မ တော်တဆမှုများကြောင့် သေဆုံးသူ ၆၄ ဦးရှိပြီးရှိခဲ့ကြောင်း အမှတ်(၇၆)ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(မြိတ်) ထံမှ သိရ သည်။
ယင်းသေဆုံးမှုများအနက် ဆိုင် ကယ်စီးဦးထုပ်မဆောင်းသဖြင့် သေဆုံး ခဲ့ရမှုမှာ ၆၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း အထက်ပါယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံး ထံမှ သိရသည်။