တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မတီခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းသုံးသောင်းကျော်ရှိ

0
367

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီက လုပ်ငန်း ၁၇ ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်သန်း ပေါင်း သုံးသောင်းကျော်ရှိကြောင်း အထက်ပါကော်မတီထံမှ သိရသည်။
ဟိုတယ်လုပ်ငန်း ၁၁ ခု၊ စက်မှုလုပ် ငန်း(ရောင်စုံကွန်ကရစ်တုံးလုပ်ငန်း၊ ရော်ဘာ သစ်အချောထည်၊ မှိုင်းခံရော် ဘာလုပ်ငန်း၊ အလှကုန်လုပ်ငန်း) လေးခု နှင့် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းနှစ်ခု တို့ကို အတည်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီ(TRIC) အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIC) ကို စတင်ဖွဲ့စည်းခဲ့ သည့် ၂၀၁၇ ခုနစ် ဇူလိုင်လမှ လက်ရှိ အချိန်အထိ တစ်နှစ်ကျော်ကာလအတွင်း ယင်းသို့ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
တိုင်းအတွင်း ခွင့်ပြုထားသည့် အထက်ပါ လုပ်ငန်း ၁၇ ခုမှ ရင်းနှီးမြှုပ်နှံ မှုပမာဏ ကျပ်သန်းသုံးသောင်းကျော် (၃၂၈၆၁ သန်း)နှင့် အမေရိကန်ဒေါ်လာ ၁.၇၄ သန်းရှိကြောင်း အထက်ပါ ကော်မတီ စာရင်းအရ သိရသည်။
၎င်းအပြင် လျှောက်ထားဆဲဖြစ်ပြီး အတည်ပြုမိန့် ချပေးတော့မည့် လုပ်ငန်း ၁၃ ခုရှိနေပြီး ပြန်လည်စိစစ်ဆဲလုပ်ငန်း ၇ ခုခန့်ရှိကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။

“ဌာနတွေရဲ့ သဘောထားမှတ်ချက် တစ်ခု နှစ်ခု လိုနေသေးတဲ့ဟာတွေပါ”ဟု ၎င်းက ပြောသည်။
TRIC သည် အမေရိကန်ဒေါ်လာ ၅ သန်း(သို့မဟုတ်)ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်သည်။
TRIC တွင် ရင်းနှီးမြှုပ်နှံခွင့် အတည်ပြုမိန့်ရရှိပါက တိုင်းဒေသကြီး အတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့် များ ရှိသည်။

တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါး သည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာရီ နှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်း နှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ် သတ်မှတ်ထားသည်။
ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသ အဖြစ် သတ်မှတ်ထားသည့် ထားဝယ်မြို့ နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များ တွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန် ကင်း လွတ်ခွင့်ကို ၅ နှစ် သတ်မှတ်ထားသည်။