ကမ်းနီးကင်းမွန်လုပ်ငန်းရှင်များ၏ အခက်အခဲကို သမ္မတထံ တင်ပြမည်

0
480

လတ်တစ်လော ရင်ဆိုင်ကြုံတွေ့နေ ရသည့် ကမ်းနီးကင်းမွန်လုပ်ငန်းရှင်များ ၏ အခက်အခဲများကို နိုင်ငံတော်သမ္မတ ရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ယင်း လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စား လှယ်များထံမှ သိရသည်။
ကမ်းနီးလိုင်စင် လျှောက်ထားရာ တွင် ခေတ်နှင့်ကိုက်ညီမှု မရှိတော့သည့် တည်ဆဲဥပဒေများ၊ မီးဖြင့်ဖမ်းဆီးမှု အတွက် ပြီးခဲ့သည့် စက်တင်ဘာလက သတ်မှတ်လိုက်သည့် ခွင့်ပြုဒိုင်နမို ကိစ္စ များ ပါဝင်သည့် အသနားခံစာတစ်စောင် ရေးသားပြီး နိုင်ငံတော် သမ္မတထံ အမြန် ဆုံးနည်းဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ကမ်းနီးကင်းမွန်လှေရှင်များထံမှ သိရ သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနရုံးချုပ်မှ ၂၀၁၈-၂၀၁၉ ငါးဖမ်းရာသီ အတွက် ကင်းမွန်ဖမ်းဆီးရာ၌ အသုံးပြု ရန်အတွက် ကမ်းဝေးကင်းမွန်လှေများကို ဒိုင်နမို ၄၀ ကီလိုဝပ်နှင့် ကမ်းနီးလှေများ အတွက် ၃ ကီလိုမှ ၅ ကီလိုအထိသာ ခွင့်ပြုပေးရန် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်ထုတ်ပြန်ပြီး ၂ လအတွင်း ကမ်းနီးကင်းမွန်ငါးဖမ်းလှေ ဦးစီးအပါအဝင် မြိတ်ခရိုင်အတွင်းရှိ ဒေသခံ ရေလုပ်သားပေါင်း ၆၀ နီးပါး ဖမ်းဆီးခံရကာ ထောင်အချုပ်ထဲ ရောက် ခဲ့သည်။

ကြေညာချက်ထုတ်ပြန်ပြီး ဖမ်းဆီး ခံရမည်စိုးသဖြင့် ပင်လယ်ပြင်မထွက်ရဲ ကြသည့်လှေ အမြောက်အမြား ရှိနေကြ ပြီး စားဝတ်နေရေးအခက်အခဲကြောင့် ထွက် ဖမ်းကြသည့်လှေ တချို့လည်းရှိနေ ကြောင်း ကျွန်းစုမြို့နယ်မှ ကမ်းနီးလှေ လုပ်ငန်းရှင် ဦးရဲထွဋ်က ပြောသည်။
ယင်းကြောင့် နိုဝင်ဘာလ ၂၂ ရက်က မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်း ရှင်များ ရုံး၌ကမ်းနီးကင်းမွန်လှေလုပ် ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံခဲ့ကြပြီး ဒေသခံကမ်းနီးရေ လုပ်သားများမှ လတ်တလောရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြခဲ့ကြကြောင်း ဦးရဲထွဋ်က ပြော သည်။
ကမ်းနီးလှေငယ်များအတွက် ထုတ်ပြန်ထားသည့်အချက်များအား ပြန်လည်ဖြေလျော့ပေးပါရန် တနင်္သာရီ တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် များမှ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေး ကော်မတီထံသို့ စက်တင်ဘာလ အတွင်းက ၂ ကြိမ်တိုင် တိုင်သွားရောက် တောင်းဆိုခဲ့ကြကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောသည်။

ယင်းကော်မတီမှလည်း ကမ်းနီး များအတွက် ၁၅ ကီလိုဝပ် ခွင့်ပြုရန် မူ အားဖြင့် သဘောတူညီခဲ့ကြောင်း ဒေါ်တင်တင်ရီက ဆိုသည်။
“ခုချိန်အထိတော့ တရားဝင်စာ က ထွက်မလာသေးဘူး”ဟု ၎င်းက နိုဝင်ဘာလ ၂၂ ရက်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အာဏာပိုင်မဟုတ်သည့် အတွက် ယင်းကိစ္စနှင့်ပတ်သက်ပြီး စီရင် ဆုံးဖြတ် အမိန့်ပေးခွင့်မရှိဘဲ လုပ်ပေး နိုင်သည့် ဌာနဆိုင်ရာများအား ပေါင်းစပ် ညှိနှိုင်းကာ ဖြေလျော့ရန်သာ မေတ္တာရပ်ခံ ပေးနိုင်ကြောင်း ဒ်ါတင်တင်ရီက ပြောဆို သည်။