ထားဝယ်တွင် ကမ်းဝေးငါးဖမ်းလှေ စစ်ဆေးရေးစခန်း ဖွင့်မည်

0
413

ကမ်းဝေးငါးဖမ်းလှေများကို စစ် ဆေးနိုင်မည့် စစ်ဆေးရေးစခန်း(check point) ကို ထားဝယ်ခရိုင်အတွင်းဖွင့်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရ သည်။ ကမ်းဝေးငါးဖမ်းလှေများကို စည်း ကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ် တကျ စီမံခန့်ခွဲနိုင်ရန် ထားဝယ်မြို့ရှိ ထားဝယ်မြစ်ဘေး ဆိပ်ကမ်းတစ်နေရာ တွင် စစ်ဆေးရေးစခန်းဖွင့်မည်ဖြစ် ကြောင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှ ဦးစီးအရာရှိက ဆိုသည်။ ထားဝယ်မြစ်အတွင်း ဝင်ရောက်ရန် အခက်အခဲရှိသည့် ငါးဖမ်းလှေများကိုမူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အတွင်းရှိ စမ်းလှမ်းကျေးရွာတွင် ရွေ့ လျားအဖွဲ့ဖြင့် စစ်ဆေးပေးမည်ဖြစကြောင်း ၄င်းက ပြောသည်။

စစ်ဆေးရေးစခန်းတွင် ငါးလုပ်ငန်း ဦးစီးဌာန အပါအဝင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အကောက်ခွန်၊ ရေကြောင်း ပို့ဆောင်ရေး၊ လဝက အစရှိသည့် ဌာန ငါးခုက ပူးပေါင်းစစ်ဆေးမည် ဖြစ် သည်။ လက်ရှိတွင် ပါဝင်စစ်ဆေးမည့် ဌာနများ စုပေါင်းကာ အစည်းအဝေးလုပ် ထားပြီး လုပ်ငန်းအစီအမံကို တိုင်းဒေသ ကြီးအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း အထက်ပါ ဦးစီးအရာရှိက ဆိုသည်။ “အစိုးရကို တင်ပြဖို့တော့ စီစဉ်နေ တယ်၊ ၂၀၁၉ ခုနှစ်အတွင်းတော့ ဖွင့်ဖြစ် မှာပါ”ဟု ၄င်းက ပြောသည်။ ကမ်းဝေးငါးဖမ်းလှေများ ကမ်းသို့ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းများတွက် စစ်ဆေးရေးစခန်းသို့ ဝင်ရောက်သတင်း ပို့ စစ်ဆေးခံရမည်ဖြစ်ပြီး ပါဝင်သည့် ဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါဌာန မှ ဦးစီးအရာရှိက ဆိုသည်။

စစ်ဆေးရေးစခန်း လုပ်မည်ဆိုပါက ငါးဖမ်းကွက်နှင့်နီးသည့် လောင်းလုံး ကျွန်းဆွယ် အနောက်ဘက်တွင် ရေ အတက်အကျမရွေး၊ ရာသီမရွေးဆိုက် ကပ်နိုင်မည့် ဆိပ်ခံတံတားတစ်ခုရှိရန် လိုအပ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော် ကျော်သက်က ဆိုသည်။ “ဂျက်တီတစ်ခု ကောင်းကောင်းလို တယ်၊ မရှိရင်တော့ အဆင်မပြေဘူး” ဟု ဦးကျော်ကျော်သက်က ပြောသည်။ ပင်လယ်ပြင်အတွင်း ကမ်းဝေးငါး ဖမ်းလှေများ ငါးတစ်ကြိမ်ထွက်ဖမ်းပါက အများဆုံး ရက်ပေါင်း ၆၀ အထိ ခွင့်ပြု ထားပြီး သတ်မှတ်ရက်ပြည့်ပါက အနီး ဆုံးစစ်ဆေးရေးစခန်းတွင် ဝင်ရောက် သတင်းပို့ပြီး ဆီ၊ ရိက္ခာများဖြည့်တင်းကာ နောက်တစ်ခေါက် ပြန်ထွက်ခွင့်ရ ကြောင်း အထက်ပါဌာနထံမှ သိရသည်။ လက်ရှိတွင် ထားဝယ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေများ ဆီ၊ ရိက္ခာ အတွက် ကမ်းသို့ဝင်ရောက်/ထွက်ခွာပါ က နီးစပ်ရာမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနများထံ သတင်းပို့သည့် စနစ်ဖြင့် ခွင့်ပြုနေရာမှ ယခုကဲ့သို့ စစ်ဆေးရေး စခန်းဖွင့်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်တွင် စစ်ဆေးရေး စခန်းများ ဖွင့်လှစ်ထားသည်။