မြိတ်တွင် ခြေတုလက်တု ပြုပြင်သူများအနက် ဆီးချို၊ သွေးချိုရောဂါရှိသူ အများဆုံး

0
579

မြိတ်တွင် ခြေတု၊ လက်တု ပြုပြင် သူများအနက် ဆီးချို၊ သွေးချိုရောဂါရှိ သူအများဆုံးဖြစ်ကြောင်း မြိတ်မြို့နယ် ကြက်ခြေနီအသင်းထံမှ သိရသည် နိုဝင်ဘာလ ၁၄ ရက်က မြိတ် ခရိုင်ကြက်ခြေနီရုံးတွင် ဘားအံခြေတု၊ လက်တုဆိုင်ရာ အသေးစားနယ်လှည့်ပြု ပြင်ရေးအဖွဲ့က ခြေတု၊ လက်တု ပြုပြင် ပေးခဲ့ရာ စုစုပေါင်း ၅၃ ဦးလာရောက် ပြုပြင်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီ အသင်းထံမှ သိရသည်။

“ဆီးချိုသွေးချိုကြောင့် လာတပ်သူ တွေက အများဆုံးပဲ” ဟု ယင်းအသင်း၏ ဒုတပ်ဖွဲ့မှူး ဦးအောင်တင်ဝင်းက ပြော သည်။ မြိတ်၊ ပုလောနှင့် ကျွန်းစုမြို့နယ် တို့မှ လာရောက်ပြုပြင်ကြပြီး ဒုတိယ အများဆုံးမှာ ယာဉ်မတော်တဆမှုနှင့် လုပ်ငန်းခွင် ထိခိုက်မှုတို့ကြောင့် ဒဏ်ရာ ရသူများဖြစ်ကြောင်း ဦးအောင်တင်ဝင်း က ပြောသည်။

လူဦးရေ စာရင်းအတိအကျကိုမူ မပြုစုရသေးကြောင်း ၄င်းက ဆိုသည်။ ဆီးချိုသွေးချိုရောဂါဖြင့် ခြေတု လက်တုလာရောက် လာရောက်တပ်ဆင် ပြုပြင်သူများမှာ အသက် ၅၀ ကျော် ၆၀ အရွယ်လူကြီးများဖြစ်ကြောင်း မြို့ နယ်ကြက်ခြေနီအသင်း၏ ခြေပြတ် လက်ပြတ် ဆက်သွယ်ရေးမှူး ဦးခိုင်လင်း က ဆိုသည်။ ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ် ဘဲ အနေကြာလာပါက အာရုံကြောများကို ထိပြီး မတော်တဆ ထိခိုက်ဒဏ်ရာရ လျှင် မသိတော့ကြောင်းနှင့် အချိုဓာတ် ကြောင့် ယင်းဒဏ်ရာနေရာတွင် ပိုးမွှား အမြောက်အများ အလွယ်တကူ ပေါက် ဖွားလာနိုင်ပြီး အနာလည်းပိုတိုးလာသည့် အတွက် ခြေ၊ လက်များ ဖြတ်တောက်ရ သည့်အဆင့်အထိ ရောက်သွားတတ် ကြောင်း မြိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ပြောသည်။

ဘားအံခြေတု၊ လက်တုဆိုင်ရာ အသေးစား နယ်လှည့်ပြုပြင်ရေးအဖွဲ့ သည် မြိတ်သို့ တစ်နှစ်တစ်ကြိမ် နှစ်စဉ် လာရောက်ပြီး ခြေတုလက်တုနှင့်ဆိုင် သည့် အသေးစား ပြုပြင်တပ်ဆင်ခြင်းများ ကို အခမဲ့ လာရောက်ပြုလုပ် ပေးလျက်ရှိ သည်။