ကော့သောင်းတွင် ငါးလှေများ စစ်ဆေးရန် အစိုးရပိုင် ဆိပ်ခံဘောတံတား မရှိ

0
659

ကော့သောင်းမြို့သည် ရေလုပ်ငန်း ဖြင့် နိုင်ငံတော်ဝင်ငွေ အမြောက်အများ ရှာဖွေပေးသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် သော်လည်း ပြင်ပပို့သည့် ရေထွက်ကုန် များ စစ်ဆေးရန် အစိုးရပိုင်ဆိပ်ခံဘော တံတား မရှိသေးကြောင်း ကော့သောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ရေထွက်ကုန်များ စစ်ဆေးရန် အတွက် လက်ရှိအသုံးပြုနေသော ရွှေဝက်ဝံတံတားသည် ပုဂ္ဂိုလိကပိုင် တံတားတစ်ခုသာ ဖြစ်ကြောင်း ယင်းဌာ နမှ သိရသည်။

အဆိုပါ တံတားသည် လောင်စာဆီ ရောင်းဝယ်ရေးအတွက် ရည်ရွယ်ဆောက် လုပ်ထားသည့် တံတားသေတစ်ခု ဖြစ်ပြီး ဆိပ်ခံဘော မရှိသည့်အတွက် ဒီရေအတက်အကျ ပေါ်လိုက်ပြီး လှေ ကပ်ရန်အခက်အခဲရှိကြောင်း ခရိုင်ငါး လုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသန့်ဇင်က ဆိုသည်။ ထို့ကြောင့် အစိုးရပိုင် ဆိပ်ခံဘော တံတားတစ်ခု တည်ဆောက်ပေးရနတိုင်းဝန်ကြီးချုပ်၏ အောက်တိုဘာ ၁၇ ရက် ကော့သောင်းမြို့ ခရီးစဉ်အတွင်း တွေ့ဆုံပွဲတွင် တင်ပြထားပြီးဖြစ်ကြောင်း ၄င်းက ဆိုသည်။

ကောင်းမွန်သော ဆိပ်ခံဘောတံ တားတစ်ခု အသစ်တည်ဆောက်မည်ဆို ပါ ကျပ်သိန်းတစ်သောင်းခန့် ကုန်ကျ မည်ဖြစ်ကြောင်း ကော့သောင်းမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်း တာဝန်ခံ ဦးတင်ဦးက ခန့်မှန်းသည်။ ကော့သောင်းတွင် ရေထွက်ကုန် ပစ္စည်း စစ်ဆေးရန်အတွက် ရွှေဝက်ဝံ တံတားကိုသာ အစဉ်အမြဲအသုံးပြုခဲ့ ကြောင်း သိရသည်။