ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် မြေငှားစာချုပ် စချုပ်ရန်ပြင်

0
510

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်း မြေနေရာအတွက် မြေငှားစာချုပ်ကို အီတာလျံထိုင်းကုမ္ပဏီ နှင့် စတင်ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိ ကြောင်း နေပြည်တော်အခြေစိုက် ထားဝယ် အထူးစီးပွားရေးဇုန် ရုံးအဖွဲ့ထံ မှ သိရသည်။ မြေငှားစာချုပ်ချုပ်ဆိုနိုင်ရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ အီတာလျံထိုင်း ကုမ္ပဏီနှင့် စတင်ညှိနှိုင်းဆွေးနွေးခဲ့ ပြီးနောက် ၂၀၁၈ ဩဂုတ်လ ၂၉ ရက် တွင် နောက်ဆုံးညှိနှိုင်းခဲ့ပြီး စာချုပ်မူ ကြမ်းကို ပြင်ဆင်ခဲ့ကြောင်း အထက်ပါ ရုံးအဖွဲ့ထံမှ သိရသည်။

“အဓိက စာချုပ်ပြင်ဆင်တဲ့နေရာမှာ International Practices(နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ) ရယ် Public Interest (အများပြည်သူ အကျိုးစီးပွား) ကို အလေးထားပြီး စာချုပ်ကို Finalize(အပြီးသတ်) လုပ်နေတယ်။ အဲဒါကို စာချုပ်မူကြမ်း (Template) ထွက်လာ ရင် သူတို့ကို ပေးမှာ” ဟု အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကနဦး စီမံကိန်းဧရိယာ ၂၇ စတုရန်းကီလိုမီတာကို Phase A Phase B Phase C Phase D ဟု အပိုင်းလိုက် ခွဲခြားထားသည်။ စာချုပ်မူကြမ်းကို ပထမဆုံး Phase A ဧရိယာ ၇ စတုရန်းကီလိုမီတာ အတွက် စာချုပ်ဆိုရန်အတွက် စာချုပ်မူ ကြမ်းကို မြန်မာအစိုးရတာဝန်ရှိသူများ ထံတင်ပြပြီး ယခုနှစ် ဒီဇင်ဘာလအကုန် ခန့်တွင် အီတာလျံ-ထိုင်းကုမ္ပဏီထံသို့ ပေးပို့နိုင်ရန် ခန့်မှန်းထားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

စာချုပ်မူကြမ်းအတွက် နှစ်ဦးနှစ် ဖက် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းပြီး ဖြစ်သည့်အတွက် ပြန်လည်ညှိနှိုင်းရန် မရှိဘဲ ပေးပို့သည့်စာချုပ်မူကြမ်းကို အီတာလျံ-ထိုင်းကုမ္ပဏီဘက်မှ လက် ထားဝယ်၊ နိုဝင်ဘာ ၂ မှတ်ထိုးရမည်ဖြစ်ကြောင်း ၄င်းက ဆို သည်။ “သူတို့သဘောတူမှာပါ ဒါInternational Practices (နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ) ဖြစ်တဲ့အတွက်မျှ တတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ အီတာလျံ-ထိုင်းကုမ္ပဏီဘက်မှ ကနဦးစီမံကိန်းဧရိယာ၏ Phase A ကို အကောင်အထည်ဖော်ပြီးစီးမှုအပေါ် မူတည်၍Phase B, Phase C နှင့် Phase Dတို့ကို အထက်ပါစာချုပ်မူကြမ်း အတိုင်း အပိုင်းလိုက် စာချုပ်ချုပ်ဆိုသွား မည်ဖြစ်ကြောင်း နေပြည်တော် အခြေ စိုက် ထားဝယ်အထူးစီးပွားရေးဇုန်ရုံး အဖွဲ့ထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံ ကိန်းအကောင်အထည်ဖော်ရေးနှင့်ပတ် သက်၍ စီမံကိန်းစီမံခန့်ခွဲမှုကော်မတီ(DSEZ MC) ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင် နှင့်ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီလိမီတက်f (DaweiSEZ Development CompanySPV)၏ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ အောက်တိုဘာလ ၃၁ ရက်က တွေ့ ဆုံဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင်လည်း ကော်မတီ ဥက္ကဋ္ဌက စာချုပ်ကို မကြာမီပေးပို့သွား မည်ဟု ပြောဆိုခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဝက်ဒ်ဆိုက်တွင် ဖော်ပြထားသည်။ ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံး၏ ဧရိယာ ဧက ၄၈၀ဝဝ ကျော်အနက် ကနဦးစီမံကိန်း ဧရိယာ ၆၆၇၁ ဧက( ၂၇ စတုရန်းကီလိုမီတာ) ကို အီတာလျံ-ထိုင်းကုမ္ပဏီက အကောင် အထည်ဖော်မည်ဖြစ်ပြီး ကျန်မြေ ဧက ၄၁၀ဝဝ ကျော်ကို မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့က ပူးပေါင်းအကောင် အထည်ဖော်မည် ဖြစ်သည်။