မြိတ်တွင် ပထမဆုံးအကြိမ် အလှမွေးငါးပြပွဲကျင်းပ

0
438

မြိတ်တွင် ပထမဆုံးအကြိမ်အဖြစ် အလှမွေးငါးနှင့် ရေအောက်အပင်ပြပွဲကို ကမ်းနားလမ်းရှိ ဈေးဝယ်စင်တာတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည်။

ယင်းပြပွဲတွင် ပြည်တွင်းပြည်ပ ဒေသအသီးသီးမှ မှာယူတင်သွင်းထား သည့် အပင်ငယ်များအပါအဝင် အလှ မွေးငါးအမျိုးအစားပေါင်း ၅၀ ခန့်ကို ပြသထားကြောင်း ပြပွဲတာဝန်ခံ ကိုကျော် က ပြောသည်။

“လူတွေအနေနဲ့ သဘာဝကို ချစ် မြတ်နိုးပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းချင်စိတ် ပေါ်လာအောင် ဒီပွဲ လေးကို လုပ်ရခြင်းဖြစ်တယ်”ဟု ကိုကျော်က ပြောသည်။

၎င်း၏ပြပွဲတွင် လူ့အသုံးဆောင် စွန့်ပစ်ပစ္စည်းများပြည့်နှက်နေသည့် ရေ ကန်ငယ်တစ်ခုကိုလည်း ဖန်တီးပြသ ထားပြီး လူတို့အမှတ်တမဲ့ စွန့်ပစ်လိုက် သည့် ပစ္စည်း(အမှိုက်)များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ကာ ယင်း ကိုမှီခိုနေသည့် သတ္တဝါငယ်များနှင့် အပင်ငယ်ကလေးများ ပျက်စီးဆုံးရှုံးမှု ဖြစ်နေသည်ကို အသိပညာပေးလိုသည့် အတွက် ထည့်သွင်းထားကြောင်း ၄င်းက ဆိုသည်။