ထားဝယ်ဒေသ၏ ထင်ရှားသော အမှတ်အသား ရုပ်ပုံပါသည့်အင်္ကျီများ စရောင်း

0
922

ထားဝယ်ဒေသ၏ ထင်ရှားသော အမှတ်အသား ရုပ်ပုံပါသည့်အင်္ကျီများ ကို ထားဝယ်တန်ဆောင်တိုင်ပွဲတော် ကာလအမီ ထားဝယ်ဈေးကွက်တွင် စတင်ရောင်းချလျက်ရှိကြောင်း အင်္ကျီ ရောင်းချသူ ကိုကျော်ကိုစိုးက ပြောသည်။

ယခုလမှ စတင်ကာဖြန့်ဖြူးရောင်း ချလျက်ရှိပြီး စာတန်းမပါဘဲ ထားဝယ် ဒေသ၏ ထင်ရှားသော အမှတ်အသား ရုပ်ပုံများဖြင့် ဖော်ပြထားသောအင်္ကျီ ဖြစ်ပြီး လတ်တလောတွင် အကျီအရောင် သုံးရောင်နှင့် ရုပ်ပုံသုံးမျိုးကိုသာ ရိုက် နှိပ်ထားကြောင်း ကိုကျော်ကိုစိုးက ဆို သည်။ ထားဝယ်ရိုးရာ ရေအိုးရွက်အကပုံ၊ ထန်းတက်သမားတစ်ဦး၏ ပုံနှင့် တောက်ထိန်တောင်ရှိ ပုဏ္ဏားအား ခွေး လိုက်ဆွဲနေသည့်ပုံ စသည့် ပုံသုံးပုံဖြငထုတ်လုပ်ထားကြောင်း၎င်းက ဆိုသည်။

“စာမရေးထားဘဲ ထားဝယ်ရိုးရာကို ပုံမြင်တာနဲ့ ကာတွန်းနဲ့ အမြင်မရိုင်းစေဘဲ ပုံဖော်ထားတာ၊ ကိုယ့်ရိုးရာကို ဂုဏ်ယူ ပြီးဝတ်စေချင်တာပါ။ ထားဝယ်ရိုးရာ အနေနဲ့ ကိုယ့်ရိုးရာကို အမှတ်တရ လက်ဆောင်ပေးတဲ့ ပစ္စည်းအတွက် ရည်ရွယ်တာ” ဟု ၄င်းကဆိုသည်။

ယခုလက်ရှိတွင် ထားဝယ်ရိုးရာရုပ် ပုံပါ အကျီကိုအထည် ၃၅၀ ထုတ်လုပ် ထားပြီး၊ အကျီတစ်ထည်လျှင် ငွေကျပ် ၄၀ဝ၀ ဖြင့် အထည် ၁၀ဝ ခန့်ကို ဈေး ကွက်အတွင်းသို့ ရောင်းချခဲ့ပြီးဖြစ်ကြာင်း ဈေးကွက်ဝယ်လိုအားပေါ်မူတည်ကာ ထပ်မံထုတ်လုပ်ရောင်းချသွားမည်ဖြစ် ကြောင်း ကိုကျော်ကိုစိုးက ပြောသည်။ ယင်းအင်္ကျီများကို ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်ရှိ  3D Hot Pot
ဆိုင်နှင့် ထားဝယ်ရိုးရာလက်ဆောင် ပစ္စည်းဆိုင်အချို့တွင် ရောင်းချလျက်ရှိ ကြောင်း သိရသည်။