ဆီအုန်းကဏ္ဍ သုံးသပ်ရေးကော်မတီတွင် ပါဝင်နေမှု အရပ်ဘက်အဖွဲ့ အစည်းများ ရုပ်သိမ်း

0
874

ဆီအုန်းကဏ္ဍ ပြန်လည်လေ့လာ သုံးသပ်ရေး ဦးဆောင်ကော်မတီတွင် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် များ ပါဝင်မှုအား ရုပ်သိမ်းထားရန် ကော် မတီတွင် ပါဝင်နေသည့် အရပ်ဘက်အဖွဲ့ အစည်းများက စုပေါင်းထုတ်ပြန်လိုက် သည်။
ယင်းကော်မတီသည် ဆီအုန်းကဏ္ဍနှင့်သက်ဆိုင်သည့် မြေယာကိစ္စများအားOne Map Myanmar  အဖွဲ့၏ နည်း ပညာအကူအညီဖြင့် ပူးပေါင်းဖြေရှင်းရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရက ကမ ကထပြု ဖွဲ့စည်းထားသော ကော်မတီ ဖြစ်သည်။
ကော်မတီတွင် တိုင်းအစိုးရအဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာများ၊ ဆီအုန်း ကုမ္ပဏီကိုယ်စားလှယ်များ အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ်များ ပါဝင် ကြရာ ကော်မတီတွင် အရပ်ဘက်အဖွဲ့ အစည်းများအား ဟန်ပြမျှသာ ပါဝင်စေ ပြီး အမှန်တကယ် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံရေးဆန္ဒနှင့် ကြိုးပမ်းဦးဆောင်မှု မရှိဟု သုံးသပ်ကြောင်း အရပ်ဘက်အဖွဲ့ အစည်းများက ထုတ်ပြန်ကြသည်။

ထို့အပြင် ဆီအုန်းကဏ္ဍရှိ မြေယာ ကိစ္စရပ်များအား မဖြေရှင်းနိုင်မီမှာပင် လုပ်ကွက်သစ် ထပ်မံချထားပေးနေခြင်း တို့ကြောင့် အစိုးရနှင့်One Map Myanmar တို့မှ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ထုတ် ပြန်ညှိနှိုင်းမှု မရှိသရွေ့ အရပ်ဘက်အဖွဲ့ အစည်းကိုယ်စားလှယ်များ၏ ပါဝင်မှုကို ရုပ်သိမ်းထားမည်ဟု အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းစဉ် ထိရောက်မှု မရှိခြင်း၊ ပါဝင်သူများက အောင်မြင်အောင်လုပ်ရန် စိတ်ဆန္ဒ မရှိ၊ စိတ်ဆန္ဒအားနည်းကြ သည်ဟု သုံးသပ်ကြသဖြင့် ပါဝင်မှုကို ယာယီ ရပ်ဆိုင်းထားရန် ပါဝင်သည့် အရပ်ဘက်အဖွဲ့အစည်းများအားလုံး စုံညီချိန်တွင် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ် သည်ဟု ယင်းကော်မတီဝင် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA)  ၏ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။

“ဆီအုန်းကိစ္စက မြေဧကလည်း အများကြီးပဲလေ၊ ပြီးတော့ ပြဿနာ ကလည်း ရှုပ်ထွေးတဲ့အတွက် အားလုံးပူး ပေါင်းပါဝင်အားက အရေးကြီးတယ်၊ ကုမ္ပဏီရော အရပ်ဘက်ရော အစိုးရရော သေသေချာချာ တိုင်ပင်ဆွေးနွေးပြီး မျက်နှာချင်းဆိုင်ပြီးလုပ်မှ လူထု အကျိုး ရှိမှာလေ” ဟု ဦးသန့်ဇင်က ပြောသည်။
ဆုံးဖြတ်ချက်ပါဝင်သည့် ထုတ်ပြန် ချက်အား တိုင်းအစိုးရနှင့် အခြားတာဝန် ရှိသူများထံ ပေးပို့ဖြန့်ဝေထားရာ တိုင်း အစိုးရဘက်မှ ဆက်သွယ်မှု တစ်စုံတရာ မပြုသေးသော်လည်း ထုတ်ပြန်ပြီး တစ် ပတ်ခန့်တွင်One Map Myanmar  အဖွဲ့က လာရောက်ဆွေးနွေးညှိနှိုင်းခြင်း များ ပြုလုပ်ခဲ့သည်ဟု ဦးသန့်ဇင်က ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဆီ အုန်းကဏ္ဍ ပြန်လည်လေ့လာသုံးသပ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဦးမြင့်စန်း (တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး) အား မေးမြန်းခဲ့ ရာ တစ်စုံတစ်ရာမှတ်ချက် မပြုလိုကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။
တနင်္သာရီတိုင်းအတွင်းရှိ ဆီအုန်း စိုက်ခင်းအချို့အား One Map Myanmar ၏ အကူအညီဖြင့် တိုင်းတာမှုပြုလုပ် ပြီးနောက် မစိုက်ပျိုးရသေးသည့် စိုက်ခင်း မြေအချို့ကို တိုင်းအစိုးရမှ ပြန်လည် သိမ်းယူခဲ့ပြီး ဒေသခံများ ပြန်လည် လျှောက်ထားနိုင်ကြောင်း တိုင်းအစိုးရက ကြေညာခဲ့ဖူးသည်။
သို့သော် ပြန်လည်လျှောက်ထား ရာတွင် မပြေလည်မှုများ ကြုံတွေ့နေရ ကြောင်း ဒေသခံများက ပြောဆိုနေကြ သည်။