အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအပေါ် လူထုစစ်တမ်းကောက်

0
406

အဂတိလိုက်စားမှု တားဆီးကာ ကွယ်ရေးအပေါ်ထားရှိသော ပြည်သူ လူထု၏ သဘောထားအမြင်များ၊ အတွေ့အကြုံ ခံယူချက်များ မည်သို့ရှိ သည်ကို စစ်တမ်းတစ်ခု ကောက်ယူနေ ကြောင်း ပြည်ထောင်စု အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆို ခွင့်ရှိသူ ဦးကျော်စိုးထံမှ သိရသည်။

စစ်တမ်းကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်နှင့် တရားမျှတမှု လက်လှမ်းမီနိုင်ရေးအဖွဲ့(Access to justice initiative-A2JI) တို့ ပူးပေါင်း ကောက်ယူနေခြင်း ဖြစ်သည်။
ပြည်သူလူထုနှင့် စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် အစိုးရဌာနဆိုင်ရာ များ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် နားလည်သဘောပေါက်မှုများ၊ ဌာနဆိုင် ရာတို့၏ တာဝန်ယူမှုတာဝန်ခံမှု မည်မျှ ရှိသည် စသည်တို့လည်း ပါဝင်ကြောင်း ဦးကျော်စိုးက ပြောသည်။

“အဂလိုက်စားမှု တားဆီးကာကွယ် ရေး ဆောင်ရွက်ချက်တစ်ခုအနေနဲ့ ဆောင်ရွက်နေတာပါ”ဟု ဦးကျော်စိုးက ပြောသည်။
လက်ရှိတွင် A2JI အဖွဲ့ဝင်များက တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးစိတ်ပါ ဝင်စားသူများထံတွင် စစ်တမ်းများ လိုက်လံ ကောက်ခံနေသည်။

စစ်တမ်းကောက်သည့် A2JI   အဖွဲ့ဝင်များက အဂတိကို မည်သို့ သဘောပေါက်ကြောင်း၊ တွေ့ကြုံရသမျှ ဝန်ကြီးဌာနများ၏ အခြေအနေများကို အောက်တိုဘာလ ၂၀ ရက်တွင် မေး မြန်းခဲ့ပြီး ၎င်းကိုယ်တိုင်လိုက်ရေး လိုက်ဖြည့်ကြကြောင်း ထားဝယ်မြို့ခံ လူငယ်တစ်ဦး ဖြစ်သည့် ကိုစည်သူနိုင် က ပြောသည်။

“သိသလောက်တော့ ဖြေပေးလိုက် တယ်၊ ရှုထောင့်တော့ မစုံနိုင်သေးဘူး ပေါ့” ဟု ကိုစည်သူနိုင်က ပြောသည်။
စစ်တမ်းအား နိုဝင်ဘာလမှစပြီး အခြားဒေသများတွင် ဖြန့်ကျက်ကောက် ခံသွားရန်ရှိပြီး ရလဒ်များထဲမှ ပြည်သူ လူထု သိသင့်သည်များကို ထုတ်ပြန် အသိပေးသွားမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက ပြောသည်။