ထားဝယ်မြို့အတွင်း အရှိန့်လျော့တုံးအတွက် ငွေကျပ် သိန်း ၇၀ နီးပါး ထပ်သုံးမည်

0
422

ထားဝယ်မြို့အတွင်း တပ်ဆင်မည့် အရှိန်လျော့တုံးများအတွက် ငွေကျပ် သိန်း ၇၀ နီးပါး သုံးစွဲမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိက ပြောသည်။

ယခုဘဏ္ဍာရေးနှစ် ပထမသုံးလ (အောက်တိုဘာလမှ ဒီဇင်ဘာလအထိ) တွင် ပလပ်စတစ် အရှိန်လျော့တုံး(slow Down)n များ တပ်ဆင်မည်ဖြစ်ပြီး ငွေ ကျပ် ၆၈ သိန်း ၂ သောင်း သုံးစွဲမည်ဖြစ် ကြောင်း စည်ပင်အဖွဲ့စာရင်းအရ သိရသည်။ ယခုဝယ်ယူထားသည့် အရှိန်လျော့ တုံးများကို ယမန်နှစ်က တပ်ဆင်ပြီး ပျက်စီးနေသည့် အရှိန်လျော့တုံးများနေ ရာတွင် လဲလှယ်တပ်ဆင်ခြင်း၊ လိုအပ် သည့် လမ်းများတွင် အသစ်တပ်ဆင်ခြင်း များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှုဆောင် အရာရှိက ဆိုသည်။ “ရေရှည်မခံတာက ကားကြီးတွေ သွားတာများလို့ပါ၊ ပျက်စီးသွားတဲ့ နေ ရာတွေမှာ အစားပြန်ထိုးရမယ်၊ အသစ် တပ်တာတွေ လုပ်မယ်”ဟု အမှုဆောင် အရာရှိက ပြောသည်။

အနံ ၁၅ လက်မ၊ အမြင့် ၂ လက်မ ရှိအဆိုပါအရှိန်လျော့တုံးများမှာ တရုတ် နိုင်ငံမှ ထုတ်လုပ်ကာ ရော်ဘာပြားဖြင့် ပြုလုပ်ထား ကြောင်း မြို့နယ်စည်ပင်အဖွဲ့ ထံမှ သိရသည်။ လက်ရှိတပ်ဆင်ထားသည့် အရှိန် လျော့တုံးများက ပြေပြစ်မှုမရှိဘဲ သွား လာရာတွင် အဆင်မပြေကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှ သုံးဘီး ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးဇော်မိုးက ဆိုသည်။

“အရှိန်လျော့တုံးတွေ တပ်တာကို မကြိုက်ဘူး၊ လမ်းဆုံရောက်ရင် ယာဉ် တွေက ကိုယ့်အသိနဲ့ကိုယ် အရှိန်လျော့ဖို့ ပဲလိုတာ”ဟု ဦးဇော်မိုးက ပြောသည်။ တရုတ်နိုင်ငံထုတ် အရှိန်လျော့တုံး တစ်ပေလျှင် ကျပ် ၂၂၀ဝ၀ နှုန်းဖြင့် ပေ ပေါင်း ၃၁၀ ကိုအသစ်တပ်ဆင်၊ လဲလှယ် မည် ဖြစ်သည်။ ယမန်နှစ်အောက်တိုဘာလက ငွေ ကျပ် ၆၉ သိန်း အကုန်ကျခံ တပ်ဆင်ခဲ့ သည့် အရှိန်လျော့တုံးများအနက် အချို့ မှာ အချိန်ကိုးလအကြာတွင် ပျက်စီးခဲ့ သည်။