ဝါတွင်းသုံးလ သင်္ကန်းရောင်းအားကျ

0
737

ယခုနှစ် ဝါတွင်းသုံးလတွင် ယခင် နှစ်ထက် သင်္ကန်းရောင်းအားကျခဲ့ကြောင်း ထားဝယ်မြို့ရှိ သင်္ကန်းအရောင်းဆိုင် အချို့ထံမှ သိရသည်။
သင်္ကန်းကို ရန်ကုန်ဘုရားဖူးသွား ရင်း ဝယ်လာသူများရှိလာပြီး အလှူ အတန်း နည်းပါးလာခြင်းကြောင့် ဖြစ် နိုင်ကြောင်း သင်္ကန်းပရိက္ခရာရောင်းသူ အချို့က ဆိုသည်။

“စားသောက်ကုန် မဟုတ်ဘူး မလား၊ လှူချင်တဲ့အချိန်လာဝယ်မယ်။ လူတွေက လှူဖို့တန်းဖို့ထက် စားဝတ်နေ ရေးက ပိုအရေးကြီးနေတော့ အလှူအ တန်းဘက်မှာ နည်းပါးနေတော့ မနှစ်က ထက် ဒီနှစ်ကပိုအေးနေတယ်”ဟု ထားဝယ် မြို့၊ ဈေးကြီးအရှေ့ဘက်ရှိ သင်္ကန်းပရိက္ခရာ ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြော သည်။

ဝါတွင်းသုံးလတွင် အရောင်းပါးပြီး မည်သည့်အတွက်ကြောင့် အရောင်း ပါးသည်ကို မသုံးသပ်တတ်ဟု ထားဝယ် မြို့၊ ဈေးကြီးတောင်ဘက်ရှိ သင်္ကန်း ပရိက္ခရာ ဆိုင်ပိုင်ရှင်က ဆိုသည်။

သင်္ကန်းမှာ အမျိုးအစားပေါ်မူတည် ပြီး တစ်စုံလျှင် ငွေကျပ် တစ်သောင်း ကျော်မှ သိန်းနှစ်ဆယ်ကျပ်ခန့်အထိ ဈေးအမျိုးမျိုးရှိကြောင်း သင်္ကန်းပရိက္ခရာ အရောင်းဆိုင်အချို့ထံမှ သိရသည်။