မွန်ရိုးရာအထည်အိတ်များ ဈေးကွက်ရလာ

0
535

မွန်ရိုးရာအထည်ဖြင့် ဆန်းသစ် ထုတ်လုပ်ထားသည့် အိတ်များ ယခုနှစ် ပိုင်းအတွင်း ဈေးကွက်ရလာကြောင်းဟု မွန်ရိုးရာအထည်ဖြင့် အိတ်ချုပ်လုပ်သူ များ နှင့် မွန်ရိုးရာအထည်ရောင်းဝယ်သူ များထံမှ သိရသည်။
မွန်ရိုးရာအထည်နှင့်အတူ မွန်ရိုးရာ အထည်ဖြင့် ဖန်တီးထားသည့် အိတ်များ လည်းပြီးခဲ့သည့် ၂ နှစ်အတွင်း တဖြည်း ဖြည်း အသုံးများလာပြီး ယခုနောက်ပိုင်း တွင် မွန်ရိုးရာအထည်နှင့် အိတ်မျိုးစုံချုပ် လုပ်သည့် လုပ်ငန်းများလည်း ရှိလာ သည်ဟု “မွန်တို့မြေ” မွန်ရိုးရာအထည် ထုတ်လုပ်ရေးမှ ဒါရိုက်တာ မိမရမိုးက ပြောသည်။

“စထုတ်တဲ့အချိန်ကဆိုရင် အမျိုး သမီးအိတ်က သိပ်မရောင်းရဘူး၊ အဲ တုန်းက ဒီမွန်ဝတ်စုံနဲ့ အိတ်နဲ့ အဲလိုဖက် ရှင် တွဲဝတ်တာ သိပ်မရှိဘူး၊ ယောက်ျား လေးအိတ်ပဲရောင်းရတယ်၊ မိန်းကလေး အိတ်ကျတော့ သုံးနေကျလေး မဟုတ် တော့ နဲနဲစိမ်းနေတာပေါ” ဟု မိမရမိုးက ပြောသည်။
မွန်ရိုးရာအထည်ဖြင့် လုပ်သည့် အိတ်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်က တည်းက ဈေးကွက်အတွင်းရှိနေသော် လည်း အသုံးနည်းခဲ့ပြီး ယခုနောက်ပိုင်း တွင် မွန်တိုင်းရင်းသားများသာမက အနယ်နယ် အရပ်ရပ်မှလည်း မွန်ဝတ်စုံ နှင့်အတူအိတ်ကိုပါတွဲပြီး ဝယ်ယူလာ ကြသည်ဟု မိမရမိုးက ပြောသည်။
ယခင်က အထည်ပျက်များကိုသာ သုံးပြီး အိတ်ထုတ်လုပ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အိတ်သီးသန့်ချုပ် လုပ်သည့်လုပ်ငန်း၊ အလုပ်ရုံများ တည် ထောင်လာကြသည်။

မွန်ရိုးရာအထည်အပြင် တိုင်းရင်း သားရိုးရာအထည်ဖြင့် ကိုယ်ပိုင်ဒီဇိုင်းဖန် တီးပြီး ခရီးဆောင်အိတ်၊ ကျောပိုးအိတ်၊ ကွန်ပျူတာအိတ်၊ ပွဲတက် အမျိုးသမီး လက်ကိုင်အိတ် အစရှိသည့် အိတ်အမျိုး အစားပေါင်း ၆၀ ခန့်ကို ထုတ်လုပ်နေ သည့်Mis Bloy တံဆိပ် တိုင်းရင်းသား ရိုးရာ အထည်အိတ်ချုပ် လုပ်ငန်းလုပ် ကိုင်နေသည့် မနှင်းဖြူကလည်း ရိုးရာ အထည်နှင့် အိတ်များရောင်းအား ကောင်းလာသည်ဟု ပြောသည်။
ယခင်က အလုံးရေတစ်ဆယ် အောက်သာအမှာရှိသော်လည်း နောက် ပိုင်းတွင် အလုံးရေရာချီ အမှာရှိလာ ကြောင်း မနှင်းဖြူက ပြောသည်။
Mis Bloy တံဆိပ် တိုင်းရင်းသား ရိုးရာအဆင်နှင့် အိတ်များကို လက်ရှိ တွင်မွန်ပြည်နယ်၊ ကရင်ပြည်နှင့် ရန်ကုန်တိုင်းသို့ ဖြန့်လျက်ရှိပြီး ဈေးနှုန်း အနေဖြင့် အိတ်အရွယ်အစား ဒီဇိုင်းပေါ် မူတည်ပြီး အနိမ့်ဆုံးတစ်လုံး ကျပ် ၅၀၀ မှ အမြင့်ဆုံးကျပ် ၂၀၀၀၀ အထိဈေး ရှိသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌Mis Bloy ၊ မွန်ဒို့မြေ၊ ပါးပါးချမ်း၊ နွန်၊ MT စသည့် တံဆိပ် အနည်းဆုံး ၆ ခု ခန့် ဖြန့်ဖြူးရောင်းချနေသည်။
မွန်ရိုးရာအမျိုးသားဝတ်စုံကို စတင် သတ်မှတ်ခဲ့သည့် ၁၉၇၁ ခုနှစ် ကာလဝန်းကျင်က မွန်ရိုးရာဝတ်စုံကို မွန်အမျိုးသားတို့အတွက် နေ့ထူးနေ့ မြတ်များဖြစ်ကြသည့် မွန်အမျိုးသားနေ့ လိုနေ့မျိုးတွင်သာ ဝတ်ဆင်လေ့ရှိပြီး ယခုနောက်ပိုင်းတွင် နေရာတိုင်း ကျယ် ကျယ်ပြန့်ပြန့် ဝတ်ဆင်လာကြသည်နှင့် အတူ မွန်ရိုးရာအထည်တို့နှင့် ထုတ်လုပ် ထားသည်လူ့အသုံး အဆောင်ပစ္စည်းများ လည်း ခေတ်စားလာသည်။