ပညာရေးဌာန ရုံးဝန်ထမ်းအချို့ကို ရာထူးတိုး ပုံစံအသစ် စတင်ကျင့်သုံး

0
457

တနင်္သာရီတိုင်း အခြေခံပညာဦးစီး ဌာန လက်အောက်ရှိ ပညာရေးမှူးရုံးများ နှင့် ကျောင်းများတွင် တာဝန်ထမ်း ဆောင်နေသည့် အထွေထွေလုပ်သားမှ ဦးစီးမှူးရာထူးအထိ ဝန်ထမ်းများကို ရာထူးတိုးပုံစံအသစ်ဖြင့် စတင်စစ်ဆေး နေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ယခင်က ယင်းဝန်ထမ်းများ ရာထူး တိုးရာတွင် ရာထူးအလိုက် လုပ်သက် ရမှတ် တစ်ခုတည်းဖြင့်ဆုံးဖြတ်ပြီး လုပ်သက်များသည့် ဝန်ထမ်းများကို ရာထူးတိုးပေးခဲ့ကြောင်း တိုင်းပညာရေး မှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။

ယခု စနစ်သစ်တွင်မူ ရာထူးအလိုက် လုပ်သက်ရမှတ်အပြင် ရုံးလုပ်ငန်းကျွမ်း ကျင်မှု၊ အခြေခံအင်္ဂလိပ်စာ ကျွမ်းကျင်မှု၊ ကွန်ပျူတာကျွမ်းကျင်မှု စသည့်တို့ကိုပါ စာမေးပွဲစနစ်ဖြင့် စစ်ဆေးမည်ဖြစ် ကြောင်း ဒေါ်မိုးမိုးအေးက ပြောသည်။ ‘နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ပြဋ္ဌာန်း လိုက်ပြီးမှာ ရာထူးတိုးအတွက် (ရုံးအမှု ထမ်း) အဆင့်တိုင်းကို စာမေးပွဲနဲ့ပဲ စစ် ဆေးရတော့တယ်။ ဥပဒေပြဋ္ဌာန်းထား တာကတော့ ခန့်မှန်းသုံးလေးနှစ်လောက် ရှိပြီ။ အခုမှ အသက်ဝင်လာတဲ့သဘော’ဟု ဒေါ်မိုးမိုးအေးက ဆိုသည်။ ယင်းကြောင့် အထွေထွေလုပ်သားမှ ဦးစီးမှူးအထိ ဝန်ထမ်းများသည် လုပ် သက်ရမှတ်နှင့် စာမေးပွဲရမှတ်ပေါင်းပြီး ရမှတ်များသူက ရာထူးတိုးမည် ဖြစ်သည်။

လုပ်သက်မရှိသေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ အမှတ် ကောင်းသူများအတွက် အခွင့် အရေးတစ်ခုရမည် ဖြစ်ကြောင်း လောင်း လုံးမြို့နယ် အထက်တန်းကျောင်းတစ် ကျောင်းမှ ရုံးစာရေးတစ်ဦးက ပြောသည်။ ‘စနစ်သစ်က ကောင်းတော့ကောင်း ပါတယ်။ လုပ်သက်ကြီးတဲ့သူတွေတော့ နစ်နာတယ်။ စာမေးပွဲမဖြေနိုင်ရင် ရာထူးမတိုးနိုင်ဘဲ ဖြစ်နေမှာ’ဟု ၄င်း ကဆိုသည်။ ဦးစီးအရာရှိ၊ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူး စသည့် ရာထူးအလိုက် လုပ်သက်ရမှတ်ကို တစ်နှစ်လျှင် ၂ မှတ်၊ ၃ မှတ် စသဖြင့် နှစ်တိုင်းတွက် ချက် ပေးသောကြောင့် ရာထူးတိုးရာတွင် နစ်နာမှု လျော့နည်းနိုင်ကြောင်း ဒေါ်မိုးမိုးအေးကဆိုသည်။ ပုံစံအသစ် ရာထူးတိုးစာမေးပွဲကို အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တနင်္သာရီတိုင်းတွင် ဝန်ထမ်း ၂၆၀ ဦး ဝင်ရောက်ဖြေဆို ခဲ့ကြမည်ဖြစ်သည်။