သရက်ချောင်းစည်ပင် ကျပ်သိန်းပေါင်း ခြောက်ထောင်ကျော် သုံးမည်

0
1787

သရက်ချောင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့အနေဖြင့် လက်ရှိဘဏ္ဍာ နှစ်တွင် ငွေကျပ်သိန်းပေါင်း ခြောက် ထောင်ကျော် အသုံးပြုကာ မြို့ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အငယ် တန်းအင်ဂျင်နီယာ -၂ ဦးအေးလွင်က ပြောသည်။

သရက်ချောင်းမြို့အတွင်းရှိ ရပ် ကွက် ငါးခုနှင့် ကျေးရွာ သုံးရွာရှိ လမ်း၊ တံတား၊ ဈေး၊ ရေပေးဝေရေးနှင့် အခြား ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးအေးလွင်က ဆိုသည်။ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ သိန်းခြောက်ရာကျော်နှင့် တိုင်းအစိုးရက ထောက်ပံ့သည့် ကျပ်သိန်းခြောက်ထောင် ကို သရက်ချောင်း စည်ပင်ဧရိယာအတွင်း ရှိ ရပ်ကွက်ငါးခု၊ ရငဲ၊ ကနက်သီရိ၊ ညောင်ဇင်ရွာများတွင် လုပ်ဆောင်မည် ဖြစ်ပြီး လမ်းခင်းသည့်လုပ်ငန်းကို အများဆုံးလုပ်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

မြို့နယ်စည်ပင်အနေဖြင့် ပြီးခဲ့ သည့် ဘဏ္ဍာရေးနှစ်က ကျပ်သိန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော်ကို အသုံးပြုခဲ့ သည်။ “အရင်ကဆို နည်းနည်းပဲလုပ်နိုင် တယ်၊ အခုကပိုလုပ်နိုင်လိမ့်မယ်၊ လိုအပ် ချက်အပေါ်မူတည်ပြီး လမ်းတွေ ရေ မြောင်းတွေလည်း လုပ်မယ်” ဟု ဦးအေးလွင်က ပြောသည်။ ယင်းအပြင် လက်ရှိဘဏ္ဍာနှစ်တွင် ကနက်သီရိရွာနှင့် ရငဲရွာရှိ ဈေးအမိုးပြု ပြင်ခြင်း၊ သရက်ချောင်းမြို့မဈေး တည် ဆောက်ခြင်းလုပ်ငန်းများ လုပ်မည်ဖြစ် ကြောင်း သရက်ချောင်းမြို့နယ် စည်ပင် အဖွဲ့ထံမှ သိရသည်။