မွန်တွင်စည်ပင်ပိုင်မြေ / အဆောက်အအုံ ငှားရမ်းခများ တိုးမြှင့်မည်

0
402

မွန်ပြည်နယ်အတွင်းက ခေတ်နှင့် မလျော်ညီတော့သည့် ဈေးနှုန်းဖြင့် ငှား ရမ်းထားသည့် စည်ပင်သာယာရေးအဖွဲ့ ပိုင်မြေ၊ အဆောက်အအုံ ငှားရမ်းခများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစပြီး ထိုက် သင့်သည့်ဈေးနှုန်းတစ်ခုသတ်မှတ်ကာ တိုးမြှင့်ငှားရမ်းသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“အဆောက်အအုံတစ်ခုက သူ့ရဲ့ တည်နေရာ ပြီးတော့ အဆောက်အအုံ အခြေအနေပေါ်မူတည်ပြီးတော့ ယနေ့ ခေတ်ငှားရမ်းခနဲ့ညီတဲ့ ထိုက်သင့်တဲ့ဈေး နှုန်းပေါ့ သတ်မှတ်ငှားရမ်းသွားမယ်” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။ ပြည်နယ်အတွင်းက စည်ပင်ပိုင်မြေ အဆောက်အအုံ ဆိုင်ခန့်အချို့တို့သည် တစ်လငှားရမ်းခ ကျပ်ထောင်ဂဏန်းသာ ရှိပြီး တချို့မှာစာချုပ် ချုပ်ဆိုထားခြင်းမရှိ ပဲ ငှားရမ်းချထားသည်ဟု ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြည်နယ် စာရင်းစစ်ချုပ်မှ တင်သွင်းသည့်အစီရင်ခံ စာ တွေ့ရှိချက်တွင် ပါရှိသည်။

ပြည်နယ်စာရင်းစစ်ချုပ် အစီရင်ခံ စာတွေ့ရှိချက်ပါ စာချုပ်မရှိပဲ ငှားရမ်းချ ထားခြင်းနှင့် ခေတ်နှင့် မလျော်ညီငှားရမ်း ခတို့ဖြင့် ငှားရမ်းနေခြင်းကိစ္စကို ပြည် နယ်အစိုးရက ပြန်လည်စိစစ်ပြီးနောက် ယခုကဲ့သို့ ငှားရမ်းခ တိုးမြှင့်ခြင်းနှင့် တချို့လုပ်ငန်းတွေကို စည်ပင်က ဆက်မ ငှားတော့ဘဲ ပြန်လည်ရယူလိုက်ခြင်းတို့ ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မွန်ပြည်နယ်စာရင်းစစ်ချုပ် တင် သွင်းသည့် အစီရင်ခံစာအရ စည်ပင်ပိုင် မော်လမြိုင် လှိုင်အဝေးပြေးကားဝင်းထဲ က ဆိုင်ခန်းများ၊ သံလွင်ဥယျာဉ်အတွင်းရှိ New Sky စားသောက်ဆိုင်၊ အမှတ် (၁) ဈေးရှေ့ရှိ ဧရာဟင်္သာကုမ္ပဏီဆိုင်ခန်း များ၏ တစ်လငှားရမ်း ခများသည် ကျပ် ထောင်ဂဏန်းသာရှိပြီး တချို့ဆိုလျှင် စာချုပ် ချုပ်ဆိုထားခြင်းမရှိပဲ ငှားရမ်းချ ထားသည်ဟု ပါရှိသည်။