မြို့နယ် ယ.က.က များ နိုဝင်ဘာလ နောက်ဆုံးထား ပြန်ရွေးမည်

0
367

ထားဝယ်ခရိုင်အတွင်းရှိ ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေး(ယ.က.က)ခရိုင်နှင့်မြို့နယ် ကော်မတီများကို နိုဝင်ဘာလ နောက်ဆုံး ထားကာ ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်စိုးမိုးက ပြောသည်။
ယခင်က မ.ထ.သ ဟု ခေါ်သည့် ယ.က.က ကော်မတီများကို အသစ်ပြန် လည်ရွေးချယ်ရန် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်မည်ဖြစ် သည်။

လက်ရှိတွင် ယ.က.က ကော်မတီ များ၏ သက်တမ်းက ကျော်လွန်နေပြီဖြစ် သည့်အတွက် ပြန်လည်ရွေးချယ်ခြင်း ဖြစ်ပြီး ရွေးချယ်မည့်ရက်ကို မသတ်မှတ် ရသေးကြောင်း ဦးအောင်စိုးမိုးက ဆို သည်။

ယ.က.က ကော်မတီများ၏ သက် တမ်းမှာ ၃ နှစ်ဖြစ်ပြီး ကော်မတီတစ်ခု လျှင် အဖွဲ့ဝင် ၅ ဦးပါဝင်ကြောင်း တိုင်း (ပို့ /ဆက်) ရုံးထံမှ သိရသည်။
“ဒီနှစ်ထဲမှာတော့ ပြန်ရွေးဖြစ်မှာ ပါ၊ နိုဝင်ဘာလ ကုန်လောက်ပေါ့”ဟု ဦးအောင်စိုးမိုးက ပြောသည်။
ခရီးသည်တင်ယာဉ်များနှင့် ကုန် တင်ယာဉ်များကို ကြီးကြပ်မည့် ယ.က.က ကော်မတီများကို ၂၀၁၄ ခုနှစ်က စတင် ရွေးချယ်ခဲ့ကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်း မှုဌာန(ပို့/ဆက်) တနင်္သာရီတိုင်းဒေသ ကြီး ဦးစီးမှူး ဦးကျော်စွာထွန်းက ဆို သည်။

“မော်တော်ယာဉ်လုပ်ငန်း စိတ်ဝင် စားပြီး သယ်ယူပို့ဆောင်ရေးယာဉ်ပိုင်ရှင်တွေပဲ ဝင်အရွေးခံခွင့်ရှိတယ်”ဟု ဦးကျော်စွာထွန်းက ပြောသည်။
ယ.က.က ကော်မတီများ ပြန်လည် ရွေးချယ်မည်ဆိုပါက ခရီးသည်တင် ယာဉ်များနှင့် ကုန်တင်ယာဉ်ပိုင်ရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန် အသိ ပေးပြီးမှသာ ရွေးချယ်သင့်ကြောင်း ထားဝယ်မြို့နေ အသက် ၄၂ နှစ်အရွယ်ရှိ ခရီးသည်တင်ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
‘လူဟောင်းတွေချည်းမဟုတ်ဘဲ လူသစ်တွေလည်း ရွေးချယ်ခံရစေချင် တယ်’ဟု အဆိုပါယာဉ်ပိုင်ရှင်က ပြော သည်။
ထားဝယ်ခရိုင်တွင် ခရိုင်ကော်မတီ တစ်ခုနှင့် မြို့နယ်ကော်မတီ လေးခုရွေး ချယ်ရမည် ဖြစ်သည်။