တိုင်းမြေယာအရေး ပြည်သူ့ လွှတ်တော်ရေးရာကော်မတီ နှင့် ဒေသခံအရပ်ဖက်အဖွဲ့ အစည်းများ ဆွေးနွေးမည်

0
350

တနင်္သာရီတိုင်းအတွင်းဖြစ်ပွားနေသည့် မြေယာပြဿနာများကို ပြည့်သူ့ လွှတ်တော်မှ ရေးရာကော်မတီ နှစ်ခုနှင့် တိုင်းအတွင်း မြေယာအရေး လုပ်ဆောင် နေသည့် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အရပ်ဖက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီ ထံမှ သိရသည်။
ယင်းဆွေးနွေးပွဲကို ပြည်သူ့လွှတ် တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တောင်သူ လယ်သမားများနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌတို့ လာရောက်မည်ဖြစ်ကြောင်း အထက်ပါ ဒေသခံအရပ်ဖက်အဖွဲ့အစည်းကော်မတီ တိုင်းတာဝန်ခံ (၂) ဒေါ်ရီရီထွေးက ပြော သည်။

“မြေယာကိစ္စတွေနဲ့ပတ်ပြီး တစ်နိုင် ငံလုံးမှာ အစိုးရလုပ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပြန်မျှဝေပေးမယ်၊ ပြီးရင် ကိုယ့်ဒေသအတွက် ဘယ်လိုနည်း လမ်းနဲ့ အကောင်းထည်ဖော်သင့်သလဲ ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးကြမယ်ပေါ”ဟု ဒေါ်ရီရီထွေးက ဆိုသည်။
ယင်းဆွေးနွေးပွဲကို အောက်တိုဘာ လ ၁၄ ရက်၊ ၁၅ ရက်တွင် ကျင်းပရန်စီစဉ် ထားပြီး ရရှိလာသည့် ဒေသခံအသံများကို ပြည်ထောင်စုအဆင့်တွင် ကျင်းပနေ သည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ပေးပို့ ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ယင်းဆွေးနွေးပွဲကို ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပရန်အတွက် ခန်းမအသုံးပြုခွင့်ကို ပထမအကြိမ်ခွင့် ပြုချက်တောင်းခံခဲ့စဉ်က တိုင်းအစိုးရက ခွင့်ပြုချက်မပေးခဲ့ကြောင်း ဒေါ်ရီရီထွေး က ပြောသည်။
ယင်းနောက် နောက်တစ်ကြိမ်လာ ရောက်တင်ပြရန် တိုင်းအစိုးရက ပြန် အကြောင်းကြားလာသဖြင့် အောက်တို ဘာလ ၅ ရက်က ထပ်မံခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။