စိုက်ပျိုးပြီး သစ်ပင်စိုက်ခင်းများ စောင့်ရှောက်ရေး ဒေသခံများ ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံ

0
408

သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာ ကွယ်တောများတွင် စီမံချက်အရ နှစ် အလိုက် စိုက်ပျိုးပြီးသော သစ်ပင်စိုက် ခင်းများအား စိုက်ခင်းအနီးတစ်ဝိုက်မှ ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပေး ကြစေလိုကြောင်း တိုင်းဒေသကြီး သစ် တောဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
စိုက်ခင်းများအား စိုက်ပျိုးသည့် နှစ်မှစ ငါးနှစ်သားအထိ တောရှင်းခြင်း၊ မီးကာကွယ်ခြင်းများကို သစ်တောဌာန ဝန်ထမ်းများက ဆောင်ရွက်ပြီး ငါးနှစ် ကျော်ပါက အသက်ရှင်နိုင်ပြီဖြစ်၍ သဘာဝအတိုင်း လွှတ်ထားပြီး သဘာဝ တောအနေဖြင့် ထိန်းသိမ်းနေကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံး အုပ် ဦးကျော်ရှိန်က ပြောသည်။

၅ နှစ်အထက် သစ်ပင်စိုက်ခင်းများ ကို ဒေသခံတို့က ပူးပေါင်းထိန်းသိမ်း ကြစေလိုကြောင်း ဦးကျော်ရှိန်က ဆို သည်။
“သစ်ပင်တွေကို ဒေသခံတွေက အသိစိတ်ဓာတ်လေးနဲ့ ဝိုင်းထိန်းပေးရင် စိုက်ခင်းတွေက ပိုအောင်မြင်နိုင်တာပေါ့ ဗျာ”ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့ခရိုင်ရှိ ဟိန္ဒားကြိုးပြင် ကာကွယ်တော၊ ဟိန္ဇဲ-ကလိန်အောင်ကြိုး ဝိုင်း၊ ကလုံးထာအဆိုပြု ကြိုးပြင်ကာ ကွယ်တော၊ တောင်ပျောက်ကြိုးဝိုင်း၊ မြိတ်ခရိုင်ရှိ ပုလောကြိုးဝိုင်း၊ တောင်ဖရူး ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော၊ ကော့ သောင်းခရိုင်တွင် ပါချန်ကြိုးဝိုင်း၊ လေ ညာဝိုင်းတို့တွင် စီးပွားဖြစ် ပျဉ်းကတိုး စိုက်ခင်းများကို ၂၀၁၇ ခုနှစ်မှအစ ယခု နှစ်မိုးရာသီအထိ ၂၅၈၅ ဧက အား တစ်ဧက ၁၂၁၀ ပင်နှုန်းဖြင့် စိုက်ပျိုး ခဲ့ပြီးကြောင်း သစ်တောဦးစီး ဌာနထံမှ သိရသည်။

ထို့အပြင် မြိတ်ခရိုင်နှင့် ကော့ သောင်းခရိုင်တို့တွင်လည်း ရေဝေရေလဲ တောများ၊ ဒီရေတောများကို ၂၀၁၇ ခုနှစ် မှစတင် စိုက်ပျိုးနေကြောင်း သိရသည်။
လာမည့်နှစ် ၂၀၁၉ ခုနှစ် မိုးရာသီ တွင်လည်း စီးပွားဖြစ် ပျဉ်းကတိုးစိုက်ခင်း ၁၁၈၀ ဧကနှင့် ဒီရေတော ၅၀ ဧကတို့ကို အထက်ပါနေရာများတွင် စိုက်ပျိုးသွား ရန် ရှိကြောင်း ရုံးအုပ် ဦးကျော်ရှိန်က ပြောသည်။
စိုက်ခင်းများ စိုက်ပျိုးပါက လုပ် ငန်းစဉ်အဆင့်ဆင့်အတွက် ဒေသခံလုပ် သားများကို ငှားရမ်းသောကြောင့် ဒေသ ခံများ အလုပ်အကိုင် ရရှိကြသည်ဟု ၎င်းက ပြောသည်။

အချိုဒေသခံများကမူ သစ်တောဌာ နမှ စိုက်ပျိုးပြီးသော သစ်ပင်များကို စောင့်ရှောက်မှု အားနည်းလွန်းသည်ဟု ဝေဖန်ကြသည်။