ထားဝယ် ညောင်ချောင်းဆုံရေအား လျှပ်စစ်စီမံကိန်း ဒေသခံများသဘောမတူ

0
491

ထားဝယ်မြို့ အရှေ့တောင်ဘက် ၁၇မိုင်ခန့်အကွာ ညောင်ချောင်းရွာ အထက်ဘက်တွင် ပြုလုပ်မည့် ၁၈ မဂ္ဂါဝပ်ထုတ် ညောင်ချောင်းဆုံရေအားလျှပ်စစ်စီမံကိန်းအား ဒေသခံကျေးရွာ များက သဘောမတူလက်မခံကြောင်းထုတ်ဖော်ပြောဆိုလိုက်ကြသည်။
စက်တင်ဘာလ ၂၉ ရက်တွင် ညောင်ချောင်းရွာ၌ ပြုလုပ်သော ဒေသခံ ကျေးရွာသားများနှင့် စီမံကိန်းပြုလုပ် မည့် Delco ကုမ္ပဏီလီမိတက်တို့ တွေ့ဆုံပွဲတွင် ယင်းသို့ ထုတ်ဖော်ပြော ဆိုကြခြင်း ဖြစ်သည်။

တွေ့ဆုံပွဲသို့ ညောင်ချောင်းရွာသူ ရွာသားများ၊ ယင်းဒေသတဝိုက်ရှိ ဆိပ် ချောင်း၊ ညောင်းချောင်း၊ အညာဖျား၊ ဥယျာဉ်ကြီး၊ ဒါးသွေးကျောက် စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀ ခန့်တက် ရောက်ခဲ့ပြီး စီမံကိန်းအား သဘောမတူ ကြောင်း တညီတညွတ်တည်းထုတ်ဖော် ပြောဆိုခဲ့ကြသည်။
သဘောမတူရခြင်းမှာ ဒေသခံတို့ က ၎င်းတို့၏ သက်မွေးဝမ်းကျောင်းမှု ဖြစ်သည့် ဥယျာဉ်ခြံမြေများ ပျက်စီးမည် စိုးရိမ်ခြင်း၊ သဘာဝဂေဟစနစ်များ ပျက်စီးမည်ကိုစိုးရိမ်ခြင်း၊ စီမံကိန်း ကြောင့် ရွာများဘေးအန္တရာယ်ကျ ရောက်မည်ကို စိုးရိမ်ခြင်းတို့ကြောင့်ဖြစ် ကြောင်း ၎င်းတို့က ပြောကြသည်။
“(စီမံကိန်းက) ဒေသခံအတွက် ဘာတစ်ခုမှ အကျိုးမရှိဘူး၊ ဥယျာဉ်ခြံမြေ တွေကို ကျိန်းသေထိတယ်၊ ရှောင်လို့ မရဘူး၊ ဥယျာဉ်ခြံမြေဆိုတာက သားစဉ် မြေးဆက် စားလို့ရတာလေ။ ဘာတစ်ခုမှ အဆုံးရှုံးမခံနိုင်ဘူး”ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။
စီမံကိန်း အကောင်အထည်ဖော်မည့် Delco လီမိတက်သည် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ^မရှိ အကြို စမ်းသပ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရနှင့်နားလည်မှု စာချုပ် (MOU) ကို စက်တင်ဘာလ ၁၀ ရက် တွင် လက်မှတ်ရေးထိုးထားပြီး ယင်းနေ့ မှ စစမ်းသပ်ကာလကို ၆ လ သတ် မှတ်ထားသည်။

နွားလဘို့ချောင်းနှင့် ညောင် ချောင်းဆုံရာ ချောင်းဆုံနေရာတွင် ရေ အားလျှပ်စစ် ၁၈ မဂ္ဂါဝပ်ထုတ်ရန် ဖြစ်နိုင်ချေ ရှိမရှိ စမ်းသပ်ရန် ဖြစ်သည်။
ယင်းစီမံကိန်းအဆင့်မြင့်နည်း ပညာများဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ရေကာတာ တည်ဆောက်ခြင်းမျိုး မဟုတ်ဘဲ ရေလှောင်ကန်များသာ တည် ဆောက်ကာ ပိုက်ဖြင့်သွယ်တန်း လျှပ်စစ် ထုတ်သည့် စနစ်ဖြင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း Delco ကုမ္ပဏီ လီမီတက် ၏ အဆိုပါ စီမံကိန်းဒါရိုက်တာက ပြော သည်။
ကျေးရွာများပြောင်းရွှေ့ရခြင်းမျိုးမရှိသည့်အပြင် ဥယျာဉ်ခြံမြေများမလွှဲ မရှောင်သာ ပါဝင်လာပါကလည်း ပိုင် ရှင်များနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာကပြောသည်။
လက်ရှိတွင် ဒေသခံများ သဘော မတူပါက စမ်းသပ်မှုကို ရပ်ဆိုင်းထားပြီး ဒေသခံများကို နားလည်သဘောပေါက် အောင် ရှင်းလင်းနိုင်ရန် တိုင်းအစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် ပူးပေါင်းညှိနှိုင်း အဖြေရှာ သွားမည်ဟု အထက်ပါ ဒါရိုက်တာက ပြောသည်။
“သူတို့(ဒေသခံ)တွေ နားလည် သဘောပေါက်အောင် ဘယ်လိုပြောမလဲ၊ ယုံကြည်မှု ဘယ်လို တည်ဆောက်မလဲ ဆိုတာတော့ ပြောလို့မရသေးဘူးပေါ”ဟု ၎င်းက ပြောသည်။

စီမံကိန်းအကောင် အထည်ဖော် မည့် Delco လီမီတက်မှာ ယခင်က ယင်းဒေသတွင် အညာဖျားရေအား လျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်ရန် ကြိုးပမ်းခဲ့ဖူးသည်။
အညာဖျားချောင်းတွင် ၁၀ မဂ္ဂါဝပ် လျှပ်စစ်ထုတ်ရန် အထက်ပါ ကုမ္ပဏီကပင် ကြိုးစားခဲ့စဉ်က ရေလွှမ်း ဧရိယာ ၁၂ မိုင်ပတ်လည်ခန့် ရှိနိုင် သည့်အပြင် ဥယျာဉ်ခြံaမြေများ နှင့်အတူ ချောင်းဝန်းကျင်ရွာများ ပြောင်းရွှေ့ရမည် ဟု ဒေသခံများကြား သတင်းစကား ပျံ့နှံခဲ့ဖူးပြီး လွန်ခဲ့သော ၆ နှစ်ခန့်က ကုမ္ပဏီဘက်က စီမံကိန်းနေရာဥယျာဉ်ခြံ မြေများကို ညှိနှိုင်းမှုမရှိဘဲ စက်ယန္တရား များဖြင့် ဝင်ရှင်းခဲ့ဖူးကြောင်း ဒေသခံ များက ပြောသည်။
ဒေသခံများက ရွာများရွှေ့ပြောင်း ရန် လုံးဝသဘောမတူကြသောကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ သဘာဝအရင်း အမြစ်များကို အစိုးရအားတင်ပြကာ စီမံကိန်းကို ကန့်ကွက်ခဲ့ကြရာ ဒေသခံများနှင့် ညှိုနှိုင်းပြီး တစ်စုံတရာ ပြေလည်မှုမရသ၍ လုပ်ငန်းရပ်နား ထားရန် အစိုးရဖက်မှ တရားဝင် ညွှန်ကြားခဲ့သည်။
သို့ကြောင့် လုပ်ငန်းတစ်ပိုင်းတစ်စ ပြီးနေပြီဆိုသော အညာဖျားရေအားလျှပ် စစ်စီမံကိန်းမှာ လက်ရှိအချိန်အထိရပ်ဆိုင်းထားခဲ့ရသည်။

အညာဖျားစီမံကိန်းအား ဒေသခံ များသဘောမတူသဖြင့် ကုမ္ပဏီဘက်မှ နေရာအနည်းငယ်ရွှေ့ကာ ခေါင်းစဉ်တစ် မျိုးတပ်ပြီး စီမံကိန်းကို ပြန်ပွဲထုတ်လာ ခြင်းမျိုးဖြစ်နိုင်ကြောင်း ယင်းသို့သော စီမံကိန်းများအား လေ့လာစောင့်ကြည့် နေသည့် ထားဝယ်ဖွံ့ဖြိုးအဖွဲ့(DDA) ၏ ဒါရိုက်တာဦးသန့်ဇင်က ပြောသည်။လက်ရှိအကောင်အထည်ဖော်မည့် စီမံကိန်းက ဒေသ၏ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မည်မျှအထောက်အပံ့ ဖြစ်စေမည်ကို အစိုးရဘက်က ထုတ်ပြော ရန်လိုကြောင်း ဦးသန့်ဇင်က ထောက်ပြ သည်။
“ဒီစီမံကိန်းအကျိုးရှိမရှိ သဘောတူ မတူ အဲဒီက လူထုဆုံးဖြတ် ပါလိမ့်မယ်” ဦးသန့်ဇင်က ပြောသည်။
ယခုလုပ်ဆောင်မည့် ညောင်း ချောင်းဆုံလျှပ်စစ်စီမံကိန်းအောင်မြင် ခဲ့ပါက ထွက်ရှိလာမည့်လျှပ်စစ်ကို တိုင်း ဒေသကြီးအတွင်း ဖြန့်ဝေသုံးစွဲမည်ဟုတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဦးကြည်လှိုင်က ပြောဆိုထား သည်။