နိုင်ငံကူး/နယ်စပ်ဖြတ်သန်းခွင့် စာအုပ်များတွင် ကလေးဓာတ်ပုံ ပူးတွဲပါမှ ထိုင်းသို့ ကလေးခေါ်ခွင့်ပြု

0
408

အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရ နောင်းဘက်က နိုင်ငံကူးလက်မှတ်စာအုပ် များတွင် ကလေးငယ်ဓာတ်ပုံမပါပါက ထိုင်းနိုင်ငံအတွင်းသို့ ကလေးခေါ် ဆောင်ခွင့်မပြုဘဲ မြန်မာဘက် ပြန်လွှတ် နေကြောင်း ကော့သောင်း – ရနောင်း ပဲ့ချိတ်မောင်း နေသူများထံမှ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း မြို့မှတစ်ဆင့် ထိုင်းနိုင်ငံရနောင်းမြို့သို့ သွားရောက်ကြမည့် ခရီးသည်များသည် မိမိတို့၏အသက် ၁၂နှစ်အောက် ကလေး ငယ်များကို ခေါ်ဆောင်သွားမည်ဆိုပါက နယ်စပ်ဖြတ်သန်းခွင့် စာအုပ်များဖြစ်သည့် နိုင်ငံကူးလက်မှတ်၊ ယာယီနိုင်ငံကူး လက်မှတ်၊ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် စာအုပ်များတွင် ခေါ်သွားမည့် ကလေးဓာတ်ပုံပူးတွဲပါမှသာ ထိုင်း ဘက်က ထိုင်းနိုင်ငံအတွင်း ခေါ်ဆောင် ခွင့်ပြုကြောင်း သိရသည်။
“ထိုင်းရေပိုင်နက်အဝင်မှာ ရှိတဲ့ စစ်တပ်ဂိတ်က စစ်ဆေးတဲ့အခါ ကိုယ့် ကလေး မှန်ကန်ကြောင်းအထောက် အထားမပြနိုင်ရင် ကလေးခေါ်ဆောင် ခွင့်မပြုဘူး၊ လှည့်ပြန်ခိုင်းပြီး အထောက် အထားလုပ်ခိုင်းတယ်”ဟု ပဲ့ချိတ်သမား ဦးစိုးသိန်းက ဆိုသည်။

ခရီးသည်များနှင့် ပဲ့ချိတ်သမားများ သိရှိစေရန် အဆိုပါစည်းကမ်းချက် များရေးထားသည့် ဆိုင်ဘုတ်တစ်ခုကို စက်တင်ဘာလ ၁၅ရက်က လက်မှတ် ထုတ်ပေးသည့် ရုံးအရှေ့တွင် အများ ပြည်သူမြင်သာအောင် ကြေညာထား သည်ဟု နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုက ဆိုသည်။

“မိဘတွေက ရေလယ်ကနေ ပြန် လှည့်လာပြီး စာအုပ်ပြန်လာလုပ်ရတာ တွေရှိလို့ လူတိုင်းသိအောင် ကြေညာပေး ထားတယ်”ဟု ၎င်းက ဆိုသည်။
ကလေးသူခိုးရန်မှ ကာကွယ် နိုင်ရန်နှင့် ကလေးသူငယ်များအား လိင်အကြမ်းဖက်ခြင်း၊ လူကုန်ကူးမူ မဖြစ်အောင် နှစ်နိုင်ငံပူးပေါင်း ဆောင် ရွက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ် ပေးရေးရုံးထံမှ သိရသည်။