လက်ထိပ်ခတ်အုပ်စုဖွဲ့ ဝိုင်းရိုက်သည်ဆိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား မတရားချုပ်နှောင်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲ

0
454

အခြားရွာသားတစ်ဦးအား လက် ထိပ်ခတ်ကာ အုပ်စုဖွဲ့ ဝိုင်းရိုက်သည် ဆိုသော သရက်ချောင်းမြို့နယ်၊ ရငဲ ကျေးရွာအုပ်ချုပ်ရေးမှူးအား မတရား ချုပ်နှောင်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် အရိုက်ခံရသူက တရားစွဲဆိုလိုက်သည်။
ဇွန်လ ၁၉ ရက် ညက မင်းဒပ် ကျေးရွာအုပ်စုပိုင်ဖြစ်သည့် စားသောက် ဆိုင် တစ်ဆိုင်တွင် ထိုင်နေသည့် သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာသား ဦးညီညီထွေးအား ရငဲကျေးရွာအုပ်ချုပ် ရေးမှူးက ထိုးကြိတ် လက်ထိပ်ခတ်ကာ လူ ၂၀ ခန့်ဖြင့် အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့ သည်ဟု ဆိုကာ ဦးညီညီထွေးက ဝင်းဝ နယ်မြေရဲစခန်းမှတစ်ဆင့် မြို့နယ် တရားရုံးတွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမှူး အပါအဝင် ရငဲရွာ သား ၂ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၂၃ (မိမိအလိုအလျောက် နာကျင်စေခြင်း)၊ ၃၄၂(မတရား ချုပ်နှောင်ခြင်း)၊ ၂၉၄ (အများပြည်သူဆိုင်ရာ နေရာများတွင် ညစ်ညမ်းစွာ ဆဲဆိုခြင်း) တို့ဖြင့် တရား စွဲထားပြီး အမှုကို စက်တင်ဘာလ ၃ ရက်မှစတင် စစ်ဆေးနေပြီဖြစ် ကြောင်း တရားလို ဦးညီညီထွေးနှင့် သရက် ချောင်းမြို့နယ် တရားသူကြီးတို့ထံမှ သိရသည်။
ဦးညီညီထွေးကို ခတ်သည့်လက်ထိပ် မှာ ထိုင်းနိုင်ငံမှဝင်သည့် လက်ထိပ် အမျိုးအစားဖြစ်ပြီး လက်ထိပ်ကို တရား ရုံးသို့ သက်သေတင်သွင်းထားကြောင်း ဝင်းဝနယ်မြေရဲစခန်းမှူးက ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် လက်ထိပ်ကိုင်ဆောင်ခွင့် မရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။
“အုပ်ချုပ်ရေးမှူးတွေက လက်ထိပ် ကိုင်ဆောင်ခွင့် မရှိပါဘူး၊ ရဲတွေပဲ လက် ထိပ်ကိုင်ဆောင်ခွင့် ရှိတာပါ။ ၄၃၂ နဲ့ စွဲထားတာ မတရားချုပ်နှောင်မှု ဖြစ်လို့ ပါ”ဟု ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးက ပြော သည်။

တရားစွဲခံရသူ ရငဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား တနင်္သာရီအပတ်စဉ် မှ စက်တင်ဘာလ ၁၀ ရက်က ရငဲကျေး ရွာသို့သွားရောက်ကာ တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း ခရီးလွန်နေသော ကြောင့် တွေ့ဆုံခွင့် မရခဲ့ပေ။ စက်တင် ဘာလ ၁၄ ရက်တွင် ဖုန်းဆက်မေးမြန်းခဲ့ ရာ လူကိုယ်တိုင် လာရောက်တွေ့ဆုံမေး မြန်းမှ ဖြေဆိုမည်ဟု ပြန်လည်ဖြေကြားခဲ့ သည်။