ထားဝယ် နှင်းဆီလမ်းသား တစ်ဦး တရားစွဲ ခံရ

0
487

ထားဝယ်မြို့၊ ပိန္နဲတောရပ်ရှိကျူးကျော် ဟု သတ်မှတ်ထားခံရသော နှင်းဆီလမ်း သားတစ်ဦးအား ထားဝယ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တရားစွဲလိုက်သည်။
လမ်းမြေကျူးကျော်သူများဟု သတ်မှတ်ထားသည့် ယင်းလမ်းတစ် လျှောက်ရှိ နေအိမ်အဆောက်အုံအား လုံးအနက် အသစ်ပြန်ပြင်ဆောက်နေ သည့် အဆောက်အဦတစ်ခုကိုပြန်ဖျက် ခိုင်းသော်လည်း မဖျက်ပေးသဖြင့် ပိုင်ရှင်အား တရားစွဲဆိုရခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိက ပြောသည်။

“ပြန်ဖျက်ခိုင်းတဲ့ အကြောင်းကြား စာ ပို့တယ်၊ ၃ ကြိမ် ပို့တယ်၊ လူကိုယ် တိုင် ခေါ်တွေ့ ရှင်းပြတယ်၊ မလုပ်ပါနဲ့ ပြန်ဖျက်ပေးပါလို့၊ ခု ပြန်မဖျက်လို့ တရားစွဲတာပါ”ဟု အဆိုပါ အမှုဆောင် အရာရှိက ပြောသည်။
ယင်းလမ်းတစ် လျှောက်နေအိမ်များ မှာ မြေစာရင်းမြေပုံအရ လမ်းမြေဖြစ် နေသောကြောင့် စည်ပင်သာယာရေး ဥပဒေအရ အဆောက်အအုံဆောက်ရန် ခွင့်မပြုဘဲ အခိုင်အမာအဆောက်အအုံ များ မဖြစ်လာရန် စည်ပင်အဖွဲ့မှ ကြီး ကြပ်နေရကြောင်း ၎င်းက ပြောသည်။

တရားစွဲခံရသည့် အဆောက်အအုံ ပိုင်ရှင် ဦးလှမြင့်အား ထားဝယ်မြို့နယ် တရားရုံးက ဆင့်ခေါ်ထားသည်။
နှင်းဆီလမ်းတစ်လျှောက် နေထိုင် သူများသည် ဘိုးစဉ်ဘောင်ဆက် နေ ထိုင်လာခဲ့ကြပြီး မြေခွန်၊ စည်ပင်ခွန်၊ လုပ်ငန်းခွန်တို့ကို နိုင်ငံတော်အား ပေး အပ်နေထိုင်လုပ်ကိုင်ခဲ့သဖြင့် တရားစွဲဆို မှုကို
အစွမ်းရှိသမျှ ထုချေဖြေရှင်းသွား မည်ဟု ဦးလှမြင့်က ပြောသည်။
“ကျွန်တော်တို့ ဒီမှာမွေးတယ်၊ အခွန်တွေလည်း သက်တမ်းတစ်လျှောက် တာဝန်ကျေအောင် ပေးခဲ့တယ်၊ ဒီတော့ ကိုယ့်ကိုယ်ပိုင်မြေလို့ ခံယူတယ်။ ဒါ ကြောင့် အဆောက်အအုံကို မဖျက်ဖို့ ဆုံးဖြတ်ပြီး တရားစွဲထားတာ
ရင်ဆိုင်ထု ချေသွားမယ်”ဟု ဦးလှမြင့်က ပြောသည်။

နှင်းဆီလမ်းအတွင်းရှိ နေအိမ် အချို့ အား ဖျက်သိမ်း၍ တန်ဖိုးနည်းအငှား အိမ်ရာပေါ် ပြောင်းရွှေ့ပေးရန် ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီစဉ်လျက်ရှိသည်။
နှင်းဆီလမ်းအတွင်း နေထိုင်သူ အိမ်ထောင်ဦးစီး ၃၀ ကျော်တို့က ၎င်း တို့ကိစ္စအား ဖြေရှင်းပေးရန်
နိုင်ငံတော် သမ္မတထံသို့ အသနားခံစာ နှစ်ကြိမ် ပေးပို့ထားပြီး ၎င်းတို့အိမ်များသည် ကျူးကျော်များမဟုတ်ဟု ဆိုကာ ပြောင်း ရွှေ့ရန် ငြင်းဆိုထားသည်။