စားသုံးသူတိုင်ကြားမှုဌာနသို့ တစ်နှစ်အတွင်း နှစ်မှု တိုင်ကြား

0
432

စားသုံးသူတိုင်ကြားမှု လက်ခံရေး ဌာနဖွင့်ပြီး အချိန် တစ်နှစ်အကြာတွင် တိုင်ကြားမှု နှစ်ခုသာရှိကြောင်း တနင်္သာ ရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနထံမှ သိရသည်။
ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူ သုံးစွဲရာတွင် အဆင်မပြေမှုများကိုတိုင် ကြားနိုင်သည့် စားသုံးသူသတင်းပြန် ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ (CICC)ကို ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိတိုင်ကြားမှု နှစ်ခုရှိခဲ့ ခြင်း ဖြစ်သည်။
ပထမဆုံးတိုင်ကြားမှုအဖြစ် ယခု နှစ် မတ်လတွင် ထားဝယ်မြို့နေထိုင်သူ တစ်ဦးက တိုင်ကြားခဲ့ကြောင်း စားသုံး သူရေးရာဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးကျော်စိုးရီကပြောသည်။

ယာဉ်လိုင်းတစ်ခုက အချိန်ကြာမြင့် စွာစောင့်ဆိုင်းစေပြီးမှ ၎င်းအား မတင် ဆောင်ဘဲ ထွက်ခွာသွားသည့်အတွက် တိုင်ကြားခြင်းဖြစ်ကြောင်း ဦးကျော်စိုးရီ က ဆိုသည်။
ဒုတိယတိုင်ကြားမှုမှာ ကော့ သောင်းမြို့ အမျိုးသမီးတစ်ဦးက ဇူလိုင် လတွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အွန်လိုင်းပေါ်တွင် ပိုးထည်နှင့် ချိတ်အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်း လုပ်နေသည့် ဖေ့ဘုတ် အကောင့်ပိုင်ရှင် ထံ ပစ္စည်းဝယ်ယူရန် ငွေကျပ် လေးသိန်း နီးပါး လွှဲပေးပြီးနောက် လိမ်လည်ခံရ ခြင်းကြောင့် တိုင်ကြားထားကြောင်း ၎င်းကပြောသည်။
ပထမတိုင်ကြားမှုအတွက် ယာဉ် လိုင်းတာဝန်ရှိသူနှင့် ကာယကံရှင်တို့ကို ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ဒုတိယတိုင်ကြားမှုအတွက်မူ အွန် လိုင်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ် ခြင်း၊ လိမ်လည်သူက မန္တလေးတိုင်းတွင် နေထိုင်သူဖြစ်ခြင်းတို့ကြောင့် စုံစမ်းနေ ဆဲပင်ဖြစ်ကြောင်း ဦးကျော်စိုးရီက ရှင်း ပြသည်။

ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူ သုံးစွဲရာတွင် နစ်နာသည်ဟုယူဆပါကCICC   ထံဖုန်းဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ် စေ တိုင်ကြားနိုင်ကြောင်း ၎င်းက ဆို သည်။
“နစ်နာရင် အချိန်မရွေးတိုင်ကြား လို့ ရပါတယ်”ဟု ဦးကျော်စိုးရီက ပြော သည်။
CICC   တွင် လာရောက်တိုင်ကြား ပါက သတ်မှတ်ပုံစံတွင် အချက်အလက် များ ဖြည့်သွင်းရန်လိုအပ်ပြီး တိုင်ကြား ချက်ကို တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သည့် စား သုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို တင်ပြကာ ချက်ချင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူ သုံးစွဲရာတွင် စားသုံးသူဘက်ကနစ်နာ ပါကစားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ အရေးယူမှုများ လုပ်ဆောင် မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။