ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီ၏ မြေအသုံးပြုခွင့်လျှောက်ထားမှု ဒေသခံတစ်ရာကျော်ကန့်ကွက်

0
403

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ နှမ်းကျဲကျေးရွာအုပ်စုတွင် ရွှေပဒုမ္မာ တော်ဝင်ကုမ္ပဏီ၏ မြေလွတ်၊ မြေလပ် အသုံးပြုခွင့်ပေးရန် လျှောက်ထားမှုကို ဒေသခံ ၁၀ဝ ဦးက လက်မှတ်ထိုး ကန့်ကွက်လိုက်သည်။
ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီက နှမ်း ကျဲကျေးရွာ ကွင်းအမှတ် ၃၂. ဥှ ရှိ မြေ ၁၈၃ ဧကတွင် ရောဘာစိုက်ပျိုးရန် မြေလွတ်၊ မြေလပ် အသုံးပြုခွင့်ပေးရန် တင်ပြလာခြင်းနှင့်ပတ်သက်၍ ကန့် ကွက်နိုင်ကြောင်း ကလိန်အောင်မြို့၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနက ဇူလိုင်လ ၂၃ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကုမ္ပဏီက လျှောက်ထားသည့် မြေများသည် မြေလွတ်၊ မြေလပ် မဟုတ်ဘဲ သက္ကရာဇ် ၁၈၇၀ ခုနှစ် ကတည်းက ကျေးရွာဖြစ်နေခြင်း၊ ဘိုး ဘွားများလက်ထက်ကတည်းက ဓားမ ဦးချ လုပ်ကိုင်လာသည့် စိုက်ပျိုးမြေများ ဖြစ်ခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒေသခံတို့၏ ကန့်ကွက်စာ တွင် ဖော်ပြထားသည်။
“ဘယ်လောက်အထိ ထိရောက်မှု ရှိမလဲဆိုတော့ ကျွန်တော်တို့ ကန့်ကွက် တာက လူတစ်ရာလေ။ အများနဲ့တစ် ယောက်ကိစ္စမှာတော့ အစိုးရရဲ့ဆင်ခြင် တုံတရား အပေါ်မှာပဲမူတည်မယ်လို့ ထင်တယ်”ဟု လက်မှတ်ထိုး ကန့် ကွက်ရာတွင် ပါဝင်သည့် ကျေးဇူတော် ကျေးရွာသား စောကံဘွဲ့က ပြောသည်။

မြေလွတ်၊ မြေလပ် အသုံးပြုခွင့် ရရန် ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီက လျှောက်ထားသည့် ဧရိယာအတွင်းတွင် ဒေသခံများ လျှောက်ထားမည့် မြေ အချို့လည်းပါဝင်နေကြောင်း စောကံဘွဲ့ က ပြောသည်။
ရွှေပဒုမ္မာကုမ္ပဏီ၏ ဆီအုန်းစိုက် ရန် အသုံးပြုခွင့်ရထားသည့်မြေများ အနက် အမှန်တကယ် စိုက်ပျိုးခြင်းမရှိ သည့် မြေများကို တိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် လေးလခန့်က ကွင်းဆင်း စစ်ဆေးပြီး ပြန်သိမ်းယူခဲ့ကြောင်း လက်မှတ်ထိုး ကန့်ကွက်ရာတွင်ပါဝင် သည့် နှမ်းကျဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

ယင်းသိမ်း ယူထားသည့်မြေများ အနက် အချို့ကို တိုင်းအစိုးရက ပြန် လည်လျှောက်ထားခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။
ယင်းလျှောက်ထားခွင့်ပေးလိုက် သည့်မြေကို ယခင် ရွှေပဒုမ္မာကုမ္ပဏီက ယခု ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီ နာမည် အသစ်ဖြင့် ပြန်လည်လျှောက်ထားလာ ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြော သည်။
ဒေသခံများမှာ ယင်းကဲ့သို့လျှောက် ထားရမည်ကို ယခင်က မသိရှိကြဘဲ ယခုကန့်ကွက်လွှာပေးပို့လာမှ သိရ သည်ဟု ဆိုသည်။