ီိဝါလတ်သား လူလည် ဆေးရုံရောက်သောအခါ

0
514

အရေးပေါ် ဥဩသံနှင့်အတူ လူနာ တင်ကားရောက်လာတော့ မနက်လေး နာရီ။
သတိလစ်ပြီး ရောက်လာတဲ့ လူနာ တစ်ယောက်၊ လူနာစောင့်မပါ။ တပ်ပြင် လမ်းဆုံမှာ သူ့တစ်ယောက်တည်း ဆိုင် ကယ်မှောက်ပြီးသတိလစ်နေလို့ ညလှည့် ကင်း တာဝန်ကျရဲတပ်ဖွဲ့က အရေးပေါ် ကားကိုဆက်သွယ်စီစဉ်ပြီး ဆေးရုံလာပို့ ကြတာတဲ့။
လူနာက အသက်နှစ်ဆယ်ကျော်ခန့် လှေသားပုံစံပေမယ့် ဆိုက်တွေ ဂိုက်တွေက မဆိုး။ ဆံပင်နီကြောင်ကြောင်မှာ နားကပ် ကလည်း တစ်ဖက်တပ်ထားသည်။ သူ့ မှာ ထူးခြားတာက လွယ်ထားတဲ့ အိတ် အကြီးတစ်လုံး။

အရက်ကလည်း မူးနေသလို၊ ခေါင်း နဲ့ လက်မှာလည်း ပြဲ၊ ပေါင်ကလည်း ကျိုးနေလေတော့ အရေးပေါ်ဆရာဝန် အနေနှင့် ဓာတ်မှန်ရိုက်၊ အနာဆေးထည့် ပြီး လူနာဆောင်ကိုတင်ပေး၊ သူ့နဲ့ပါလာ တဲ့ဖုန်းနဲ့ပစ္စည်းတွေကို စနစ်တကျ သက် သေနဲ့စစ်ဆေးပြီးတော့၊ ဆေးရုံမှာ ရှိနေ တဲ့ တာဝန်ကျရဲလက်အပ်ပြီး ဆေးရုံတင် ပေးရတယ်။ လူနာက အရေးပေါ်ရောက် လာတုန်း သည်ငနဲက လူမှန်းသူမှန်း မသိပေပဲကိုး။

သည်လူနာရဲ့ အဆက်အသွယ်ရဖို့ ရှာကြံနေတုန်း သူ့ဖုန်းကမြည်လာတယ်။ သည်လူနာရဲ့ ဖုန်းကိုခဏသိမ်းထားတဲ့ ရဲတပ်ကြပ်လေးက ကိုင်တယ်။ သည်ဘက် က မဖြေသေးခင် သည်ဘက်က ဘယ် သူလို့ မိတ်လည်းမဆက်၊ တစ်ဘက်က ဘယ်သူလို့လည်း ပြန်မမေးဘဲ ဘိတ်ထုံး စံအတိုင်း
“ဟဲလို၊ ဟေ့ကောင် မင်းပြန်မလာ သေးဘူးလားကွ”လို့ တစ်ဘက်က ခပ် ချေချေမေးလာတာကို
“ဟဲလို၊ ခုပြောနေတာ ဘယ်သူပါလဲ ခင်ဗျာ။ ခုဖုန်းပိုင်ရှင်က ဆိုင်ကယ်မှောက် ပြီး ဆေးရုံရောက်နေလို့၊ ဖုန်းကို တာဝန် ကျရဲက ကိုင်တာပါခင်ဗျ။ ခုဆက်လာတာ ဘယ်သူပါလဲခင်ဗျာ”လို့ တာဝန်ကျ ရဲ တပ်ကြပ်လေးက ဖြေတယ်။
ရဲကကိုင်ပါတယ်ဆိုတော့မှ “ငင့်၊ ကျွန်တော်ဆိုင်ကယ်ပိုင်ရှင် တက္ကစီသမား ပါဗျ။ ခု သူစီးသွားတာ ကျွန်တော့်ဆိုင် ကယ်ပါ။ ကျွန်တော့်ကို စင်တင် (စင် တင်တေးဂီတပါသည့် စားသောက်ဆိုင်)မှာ ခဏဆိုပြီးထားခဲ့တာ၊ ခုတော့၊ အဟင့်၊ သူစားသောက်မှောက်ပြန် ထား တာတွေလည်း မရှင်းရ ရ…သေး.”

သကောင့်သား စကားရှည်နေတော့”ခု ဆေးရုံကိုလာခဲ့ပါ ခင်ဗျ”လို့ ရဲတပ် ကြပ်က စကားစဖြတ်လိုက်တယ်။
ခဏကြာတော့ ဆေးရုံကို တိုင်စီ သမားနဲ့ ကာရာအိုကေဆိုင်ပိုင်ရှင်တို့ ရောက်လာကြတယ်။ တိုင်စီသမားက သူ့အဖြစ်ကို ပြောပြတယ်။
“ညဘက်ကြီး ကျွန်တော့်ကို ကမ်း နားဘက်ဆိုပြီးငှားတယ် ခင်ဗျ။ ပြီး နောက်လယ်ဘက် မောင်းပို့ခိုင်းတယ်။ ပြီးတော့ သူ့အိတ်ကြီးပြပြီး စင်တင်သွား ကဲကြရအောင်လို့ ခေါ်တယ်။ ဝါလတ် ထွက်ခါနီး သူလုပ်ခလစာတွေ ရှင်းလာ တာမို့ သူ့အိတ်ထဲ ငွေအပြည့်ပါတယ်တဲ့။ ဘာမှမပူနေနဲ့တဲ့။ အာ့နဲ့ ကျွန်တော်လည်း သူ့ယုံလို့ စင်တင်မှာ အသားကုန်ကဲမိတာ။ စားလိုက် သောက်လိုက် ကောင်မလေး တွေ ပန်းကုံးစွပ်လိုက်နဲ့၊ ဆိုင်ပိတ်ခါနီး ဆိုင်ကယ်လေးခဏငှားပါ၊ လှေနားခဏ သွားပြီး ကွမ်းဝယ်မယ်၊ ပြီးပြန်လာမယ် ဆိုပြီး ထွက်သွားတာပြန်မလာလို့ ဖုန်း ဆက်မိတာပါပဲခင်ဗျ” လို့ တက္ကစီသမားက ဖြေတယ်။

စင်တင်တေးဂီတ ဆိုင်ပိုင်ရှင်က လည်း “အဲလူနှစ်ယောက်ဗျာ။ ဟိုးမှာ စားလိုက် သောက်လိုက်၊ ကဲလိုက်နဲ့ သောင်းကျန်းမှောက်ပြန်နေတာ၊ ဝိတ် တာလေးတွေ သတိပေးတာတောင်မှ သူ့အိတ်ကိုပုတ်ပုတ်ပြပြီး ပိုက်ဆံအပြည့် ပါတယ်ကွ၊ ဘာညာလုပ်နေတာ။ ခဏ ဆိုပြီး အဲသည်လူ ပိုက်ဆံတစ်ပြားမှ မရှင်းဘဲပျောက်သွား၊ ပါလာတဲ့သူကလည်း ပြန်လစ်မယ်လုပ်နေလို့ အနော်ကိုယ်တိုင် မယုံလို့လိုက်လာတာဗျ”တဲ့။
သကောင့်သားကလည်း မူးမူးနဲ့ရော ဆိုင်ကယ်မှောက်တဲ့ အရှိန်နဲ့ပါ ယောင် ဝါးဝါးမို့ သူတို့လည်း ဘာမှဆက်လုပ် မရဘဲ သူတို့တွေရဲ့ ဖုန်းနဲ့လိပ်စာတွေပေး ပြီး ပြန်သွားကြရတယ်။

မနက်လင်းတော့ သကောင့်သား နိုးလာရော။
“ကျွန်တော် ဘယ်ရောက်နေတုန်း”လို့မေးတယ်။ “ဆေးရုံရောက်နေပါတယ်” လို့ပြောပြတော့ သူ့ရဲ့ပိုက်ဆံအပြည့်ပါ တယ်ဆိုတဲ့ ညကအိတ်ကြီးအကြောင်း ပြန်မေးတယ်။

“ကျွန်တော့် ပိုက်ဆံအိတ်ကြီးရော ဗျ။ အဲထဲမယ် ပိုက်ဆံတွေ အပြည့်ပါ တယ်။ ခု အဲအိတ်ကြီး ဘယ်မလဲ”တဲ့။
“ငင်”
ခွဲစိတ်ဆောင်က ဆရာဝန်က အဲ တော့ အလန့်တကြား သူ့အိတ်ကိစ္စကို အရေးပေါ်ဌာနဘက် လှမ်းမေးစုံစမ်းခိုင်း တော့မှ”သူ့မှာ ပါလာတာက အဲသည် အိတ်ကြီးတစ်လုံးပါဗျ။ စက္ကူစုတ်တွေ ထည့်ထားတာ၊ အဝတ်က နှစ်စုံပါတယ်။ ဘယ်မှာမှ ပိုက်ဆံမပါပေါင်ဗျာ။ ကျွန် တော်ရယ် အရေးပေါ်က တာဝန်ကျဆရာ ဝန်ရယ် စစ်စတာကြီးရယ် သက်သေ လုပ်ပြီး ကျွန်တော် သိမ်းထားပေးတယ်။ ပေါက်ပေါက်ရှာရှာ ဘာပိုက်ဆံမှ မပါ ပေါင်ဗျာ”လို့ တာဝန်ကျ ရဲတပ်ကြပ်လေး က ဆိုတယ်။
“အဲဒါနဲ့ ဘာတွေ ဆက်ဖြစ်ကြတုန်း ဗျ”ဆိုတော့ “တက္ကစီသမားက သူ့အုံနာ ဆီက Without  ဆိုင်ကယ်ကို အမှုထဲ မပါစေချင်တာ အဆုံးရှုံးမခံချင်တာနဲ့ သူ့ဆိုင်ကယ်အပျက်အစီး သူပြန်ပြင်ဖို့ ယူသွားတယ်။ စင်တင်ဆိုင်ပိုင်ရှင်ကလည်း အရှုပ်အထွေးထဲမပါချင်တာနဲ့ စားသောက် ထားတဲ့ အကြွေးတစ်သိန်းခြောက်သောင်း လျော်လိုက်ပါ့မယ်တဲ့။

လူနာကတော့ဗျာ။ ပေါင်ကျိုးဒဏ်ရာနဲ့ ခုချိန်အထိ ဆေးရုံမှာ”လို့ အဲသည်ညက တာဝန်ကျ ဆရာဝန် လေးက ဖြေပါတယ်။
“ငင့် အဲဒါနဲ့ သူ့မိဘဆွေမျိုးနဲ့ ဝါလတ်ထောင်ကယ် စတာတွေကရော ဗျာ”လို့မေးတော့”ဘယ်ကလာလိမ့်မလဲ ဆရာရယ်၊ သကောင့်သားက တောလို လိုတောင်လိုလို လျှောက်ပြောရင်း ဆေးရုံ ကနေ ခုချိန်အထိ ဆေးကုပေးရုံမက ထမင်းပါကျွေး၊ ခွဲစိတ်ဆောင်ကနေ အရိုး ဆောင်ပြောင်းတော့လည်း အခြားသူတွေ က ဝိုင်းကူချီမပေးရ၊ အခြားလူနာစောင့် တွေကမနေနိုင်၊ ကြည့်မဆိတ်ရင် အဲလူ ကို သန့်ရှင်းရေးတွေ ဝိုင်းကူပေးနေရတဲ့ အဖြစ်ရယ်။ အဲလူက ခုချိန်အထိ သူ့ ဘာသာသူ သူဌေးလိုလိုအပြောက မ လျှော့ဘူးရယ်”လို့ ဆရာဝန်က တွေးတွေး ဆဆငေးငေးဖြေရှာသတဲ့။
အဖြစ်တွေက အဲသလိုပါဆိုနေ။ ဆက်ပါအုံးမယ်။