အသေးစားနှင့် လက်လုပ် သတ္တုတူးဖော်လိုသူများ တိုင်းသတ္တုတွင်းဌာနတွင် လျှောက်နိုင်

0
448

အသေးစားနှင့် လက်လုပ်လက်စား သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်လို သူများအနေနှင့် တိုင်းဒေသကြီး သတ္တု တွင်းဌာနတွင် လျှောက်လွှာထုတ်ယူကာ လျှောက်နိုင်ပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဦးမြင့်မောင်က ပြော ကြားသည်။

အသေးစားသတ္တုတူးဖော်ရေးလုပ် ငန်းလုပ်ကိုင်ခွင့် လျှောက်ထားလိုပါက ကုမ္ပဏီအနေဖြင့် လျှောက်ထားရမည် ဖြစ်ပြီး လက်လုပ်လက်စားဆိုပါက ကုမ္ပဏီမလိုအပ်ဘဲ လူပုဂ္ဂိုလ်အနေဖြင့် လျှောက်ထားနိုင်ကြောင်း ဝန်ကြီးဦးမြင့် မောင်က ပြောသည်။
ယခင်က လက်လုပ်လက်စားသမား များကို လုပ်ကိုင်ခွင့်မပြုခဲ့သည့်အပြင် အသေးစားလုပ်ကိုင်ခွင့်ကိုလည်း ပြည် ထောင်စုဝန်ကြီးဌာနတွင်သာ လျှောက် ထားနိုင်ခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီလ တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာ့သတ္တုတွင်း နည်းဥပဒေအရ ယင်းသို့ လျှောက်ထား ခွင့် ရလာခြင်း ဖြစ်သည်။

” လျှောက်တဲ့နေရာက အသေးစားနဲ့ လက်လုပ်လက်စားအတွက် သတ်မှတ် ထားတဲ့နေရာဖြစ်နေရင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြု/မပြု တိုက်ရိုက် ဆုံးဖြတ်ပေးလို့ ရတယ်”ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
အကယ်၍ လျှောက်ထားသည့်နေ ရာကအကြီးစား၊ အလတ်စားအတွက် သတ်မှတ်ထားသည့်နေရာများ၊ အခြား နေရာများ ဖြစ်နေပါက တိုင်းအစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရ၏ သဘော ထားရယူ ခွင့်ပြုပေးရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အကယ်၍ သတ္တုထုတ်ရန် လျှောက် ထားသည့်မြေက မြေယာပိုင်ဆိုင်မှု အထောက်အထားရှိပါက ယင်းအထောက် အထားနှင့်အတူ မြေကို အခြားနည်းအသုံး ပြုခွင့်လျှောက်ထားရမည် ဖြစ်သည်။

လုပ်ကိုင်သူများအနေဖြင့် ထုတ်လုပ် သည့် သတ္တုအမျိုးအစားအပေါ်မူတည်၍ ပုံသေမြေငှားရမ်းခ၊ ဓာတ်သတ္တုအခွန် စသည်တို့ကိုပေးဆောင်ရမည်ဖြစ်ပြီး ထွက်ရှိသည့်သတ္တု၏ ၃၀ ရာခိုင်နှုန်း ကိုသတ္တုတွင်းဌာနသို့ ပေးသွင်းရမည် ဖြစ်သည်။
မိရိုးဖလာနည်းဖြင့် ထုတ်လုပ်နေ သည့် လက်ရှိလုပ်ကိုင်စားသောက်နေသည့်နေရာတွင် သတ္တုထုတ်ခွင့်ရမည် ဆိုပါက လက်လုပ်လက်စားသတ္တုထုတ် ခွင့်လျှောက်ထားသွားမည်ဟု ထားဝယ် မေတ္တာမြို့နယ် ရွှေချောင်းရွာမှ ဦးရဲ အောင်က ပြောသည်။

သို့သော် လျှောက်ထားလုပ်ကိုင်သူ များပြားလာပြီး သတ္တုထုတ်ယူမှုများ ကြောင့် ယခင်ကတည်းက ပျက်စီးနေသည့် တနင်္သာရီမြစ်နှင့် အခြားမြစ်ချောင်းများ ပိုမိုပျက်စီးသွားမည့်အရေးကို အစိုးရက ကြိုတင်တွက်ဆ ပြင်ဆင်ထားသင့်သည် ဟု ဦးရဲအောင်ကဆိုသည်။
“ကုမ္ပဏီတစ်ခုကြောင့် မြစ်ချောင်း တွေ ပျက်စီးနေတာကို လူအများက အပြစ်နဲ့ ထပ်ဖုံးသလို ဖြစ်သွားမှာစိုးရိမ် ပါတယ်”ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းတွင် ကျောက်မီး သွေး၊ ထုံးကျောက်၊ ဖန်ချက်သဲ၊ ခဲမဖြူ အဖြိုက်နက်၊ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်၊ ဂေါဒန်၊ သလင်းစသည့်သတ္တုများထုတ် လုပ်ရန် အကြီးစားသတ္တုလုပ်ကွက် ၁၉ ခု၊ အသေးစားသတ္တုလုပ်ကွက် ၃၄ခုကို ပြည်ထောင်စုမှ ခွင့်ပြုပေး ထားသည်။
အသေးစားနှင့် လက်လုပ်လက်စား သတ္တုထုတ်လုပ်ခွင့်ကိုထုတ်ယူမည့် သတ္တုအမျိုးအစားအလိုက် မြေဧရိယာ သတ်မှတ်ချထားပေးမည်ဖြစ်သည်။

အသေးအစားနှင့် လက်လုပ်လက်စားအတွက် ခွင့်ပြုပေးမည့် ဧရိယာအကျယ်အဝန်း

သတ္တုအမျိုးအစား                      စက်မှုတွင်းထွက်                             ရွှေနှင့် အဖိုးတန်မှအပ                        ရွှေနှင့် အဖိုးတန်သတ္တု

ထုတ်လုပ်မှု                          ကုန်ကြမ်းပစ္စည်း(ကျောက်)                  အခြားသတ္တု(ခဲမဖြူ စသည်)

အသေးစား                                   ၂၀ ဧကနှင့်အောက်                          ၁၀ ဧကနှင့်အောက်                          ၄ ဧကနှင့်အောက်
၅ ဧကနှင့်အောက်                        ၃ ဧကနှင့်အောက်                               ၁ ဧကနှင့်အောက်