မွန်ပါတီအမည်သစ် မိတ်ဆက်ပွဲ စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်

0
467

မွန် ၃ ပါတီပေါင်းစည်းထားသည့် ပါတီအမည်သစ်မိတ်ဆက်ပွဲကို လာမည့် စက်တင်ဘာလ ၂၁ ရက်တွင် မော်လ မြိုင်မြို့တွင်ကျင်းပမည်ဟု ပါတီခေါင်း ဆောင်တို့ထံမှ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုး သားကိုယ်စားပြုပါတီ ၃ ပါတီတို့ပေါင်း စည်းထားသည် ပါတီအမည်သစ်ကို “မွန်ပါတီ” (Mon Party) ဟု ရွေးချယ် အတည်ပြုထားပြီး ပါတီအမည်သစ်ကို မွန်ပြည်သူလူထုအား တရားဝင်မိတ် ဆက်သွားမည်ဟု ပါတီခေါင်းဆောင် တို့က ပြောသည်။
“မွန်ပါတီတွေ ပေါင်းစည်းကြပြီ ဆိုတာကို မွန်ပြည်သူတွေကို တရားဝင် ကြေညာသွားမယ်”ဟု မွန်ပါတီ တွဲဖက် အတွင်းရေးမှူး (၂) နိုင်စံတင်က ပြော သည်။

ပါတီအသစ်မိတ်ဆက်ခြင်း ကျင်းပ ပြီးနောက် ပါတီဥပဒေစည်းမျဉ်းစည်း ကမ်း၊ မူဝါဒများ ရေးဆွဲပြီးလျှင် ပါတီ မှတ်ပုံတင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု မွန်ပါတီခေါင်းဆောင်တို့က ပြောသည်။
လက်ရှိတွင် မွန်ပါတီပါကို ဗဟို ကော်မတီဝင် အယောက် ၁၂၀ နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၁ ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းထားသည်ဟု မွန်ပါတီတွဲဖက်အတွင်းရေးမှူး(၁) နိုင် လရီတမက ပြောသည်။

မွန်ပြည်သူလူထုများ၊ မွန်သံဃာ တော်များ လိုလားနေသည့် မွန်တစ်ပါတီ တည်းဖြစ်ရေးသည် ဖြစ်လာတော့မည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် မွန်အင်အား စုများလည်း မွန်ပါတီထဲ ပါဝင်လာနိုင် ရန်အတွက် ဆက်လက်ကြိုးပမ်းသွား မည်ဟုလည်း မွန်ပါတီခေါင်းဆောင်တို့ က သဘောတူဆုံးဖြတ်ထားသည်။