ဆီအုန်းစိုက်မြေဧက တစ်သိန်းခွဲ ကျော် ပြန်သိမ်းရန် စီစဉ်၊ နှစ်သိန်းကျော်သိမ်းရန် တိုင်း အစိုးရက မှတ် ချက်ပေး

0
456

တနင်္သာရီတိုင်းအတွင်း စိုက်ပျိုး ထားခြင်းမရှိသည့် ဆီအုန်းစိုက်မြေဧက တစ်သိန်းခွဲကျော်ကို မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင် (MIC) က ပြန် သိမ်းရန် ပြင်ဆင်နေသည်။
MIC က ခွင့်ပြုထားသည့် ဆီ အုန်းကုမ္ပဏီ ၅ ခု၏ မြေနေရာများကို ၂၀၁၇ ခုနှစ်တွင် ကွင်းဆေးစစ်ဆေးခဲ့ပြီး နောက် ယင်းသို့ ပြန်လည်သိမ်းယူရန် စီစဉ်နေခြင်းဖြစ်သည်။

ဆီအုန်းကုမ္ပဏီလေးခုဖြစ်သည့်MAC ၊ MSPP၊ MRPP ၊ ရွှေကမ္ဘောဇကုမ္ပဏီတို့ထံမှ မြေဧက တစ်သိန်းခွဲကျော်(၁၆၄၈၆၃ ဧက) ကို ပြန်သိမ်းရန် MAC၊ MSPP၊ MRPP က ပြင်ဆင်နေခြင်း ဖြစ်သည်။
“MIC က ချပေးခဲ့တဲ့ ဆီအုန်း ကုမ္ပဏီတွေရဲ့ အမှန်တကယ်မစိုက်တဲ့ မြေတွေကို ပြန်သိမ်းတာပါ”ဟု ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။
၎င်းအပြင် နောက်ကုမ္ပဏီတစ်ခု ဖြစ်သည့် Sမငျကဘညေ ကုမ္ပဏီကို ၂၀၁၄ ခုနှစ်တွင် MAC  က ဧကသုံးသောင်းကျော် လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း သစ်တော ထူထပ်သည့်နေရာဖြစ်ခြင်း၊ ဒေသခံ တောင်သူ လုပ်ကွက်များပါဝင်နေခြင်း တို့ကြောင့် လုံးဝစိုက်ပျိုးနိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် ယင်းကုမ္ပဏီအား ခွင့် ပြုထားသည့်မြေကို ပြန်လည်သိမ်းဆည်း ပြီး အခြားနေရာတစ်ခုတွင် အစားထိုး ပေးရန် ကုမ္ပဏီကို မြေနေရာရှာခိုင်းထား ကြောင်း ဒေါက်တာထွန်းထွန်းက ပြော သည်။
တနင်္သာရီတိုင်းအတွင်း မြန်မာနိုင် ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါး နှစ်တာကာလအတွင်း အဆိုပါ ဆီအုန်း ကုမ္ပဏီ ၅ ခုကို မြေဧကအကျယ်အဝန်း နှစ်သိန်းရှစ်သောင်းကျော်(၂၈၀၆၃၂ ဧက)လုပ်ကိုင်ခွင့်ပြုခဲ့သည်။
ယင်းကုမ္ပဏီ ၅ ခု လုပ်ကိုင်ခွင့် ရထားသည့် မြေနေရာများကို MIC ပါဝင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ ရာ ခွင့်ပြုမြေဧရိယာအားလုံး၏ ငါးရာ ခိုင်နှုန်းခန့်သာ စိုက်ပျိုးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယင်းကြောင့် Srisuban ကုမ္ပဏီမှ အပ ကုမ္ပဏီ လေးခု၏ စိုက်ပျိုးထား ပြီးဖြစ်သည့်မြေဧရိယာများအပါအဝင် စုစုပေါင်းဧက တစ်သိန်းနီးပါး(၈၄၄၁၉ ဧက) ပြန်လည် ခွင့်ပြုပြီး ကျန်မြေ တစ်သိန်းခွဲကျော်(၁၆၄၈၆၃ ဧက) ကို သိမ်းဆည်းရန် MIC က ကနဦး ဆုံးဖြတ် ခဲ့သည်။
MIC က ကနဦးဆုံးဖြတ်ပြီးနောက် တိုင်းအစိုးရ၏ သဘောထားမှတ်ချက် တောင်းခံရာတွင် တိုင်းအစိုးရက စုစု ပေါင်းဧက နှစ်သိန်းကျော်(၂၀၉၇၆၁ ဧက)ကို ပြန်သိမ်းရန် သဘောထားမှတ် ချက်ပေးခဲ့သည်။ (ကုမ္ပဏီတစ်ခုချင်း အလိုက် MIC က သိမ်းယူမည့် လျာ ထားဧကနှင့် တိုင်းအစိုးရအဖွဲ့က သိမ်း ယူရန် သဘောထားမှတ်ချက်ပေးသည့် ဧကစာရင်းကို ဇယားဖြင့် ဖော်ပြထား ပါသည်။)

တိုင်းအစိုးရ၏ သဘောထားမှတ် ချက်နှင့်အတူ ခွင့်ပြုမည့် မြေဧရိယာ မြေပုံကို ဩဂုတ်လဆန်းပိုင်းက ပြည် ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။
ဆီအုန်းမြေပြန်သိမ်းမည့်ကိစ္စကို MIC အစည်းအဝေးတွင် အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ရှင်းပြသည်။
MIC အစည်းအဝေးတွင် ပြည် ထောင်စုအစိုးရထံတင်ပြထားသည့် တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော် မရှင်(MIC) က ဆုံးဖြတ်ရာတွင် တိုင်း ဒေသကြီးအစိုးရ၏ သဘောထားမှတ် ချက်က ၇၅ ရာခိုင်နှုန်း ခန့်အထိ သက် ရောက်မှုရှိပြီး ပြန်လည်သိမ်းယူမည့် မြေနေရာများသည် တိုင်းအစိုးရ စီမံ ခန့်ခွဲခွင့်ရှိသည့် မြေဖြစ်လာမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။
ပြန်လည်သိမ်းယူမည့် မြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်လိုသူများက ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

“လက်ရှိကုမ္ပဏီတွေက ပြန်လျှောက် မယ်ဆိုရင် လက်ရှိခွင့်ပြုထားတဲ့ ဧရိယာ ပေါ်မှာ စိုက်ပြီးမှရမယ်၊ ဒေသခံ တွေစိုက် ချင်ရင် ပြန်လျှောက်၊ လက်ရှိ ခွင့်ပြု ထားတဲ့ ဧရိယာတွေကိုလည်း မြေလပ်၊ မြေလွတ် ဥပဒေ အရ(ကုမ္ပဏီက) ပြန် လျှောက်ရမယ်”ဟု ၎င်းက ဆိုသည်။
ဆီအုန်းကုမ္ပဏီအချို့ကမူ မစိုက် ပျိုးထားသည့် နေရာတိုင်းကို ပြန်သိမ်း ခြင်းမှာ မဖြစ်သင့်ဟု ပြောကြသည်။
လုပ်ပိုင်ခွင့်ရထားသည့်နေရာများအနက် အချို့နေရာများမှာ ရေအရင်း အမြစ်ရရှိရန် ထိန်းသိမ်းထားရပြီး အချို့နေရာများမှာမူ ဒေသခံများနှင့် အငြင်းပွားမှုများရှိနေသည့်အတွက် စိုက် ပျိုး၍ မရဘဲဖြစ်နေရကြောင်း MIC က ပြန်သိမ်းရန်ပြင်ဆင်နေသည့် ကုမ္ပဏီ ငါးခုတွင် ပါဝင်သည့် ကုမ္ပဏီ တစ်ခု၏ တာဝန်ရှိသူက တနင်္သာရီအပတ်စဉ်သို့ ပြောဆိုခဲ့ဖူးသည်။

ပြန်သိမ်းမြေကို ပြန်လည်လုပ်ကိုင် ခွင့်ပြုမည်ဆိုက ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံ အတွက် အောင်မြင်ဖြစ်ထွန်းနိုင်မည့် လုပ်ငန်းအမျိုးအစားကိုသာ ခွင့်ပြုသင့် ကြောင်း MSPP ဆီအုန်းကုမ္ပဏီလုပ်ခွင့် ရ ဧရိယာတွင် စိုက်ပျိုးနေသည့် မြေ ၇ ဧကခန့် ပါဝင်သွားခဲ့သည့် တနင်္သာ ရီမြို့နယ် တားပလပ် ကျေးရွာနေ ဦးဂျွန်မောင်မောင်က ဆိုသည်။
“ပြန်သိမ်းလိုက်တဲ့ မြေတွေကို ဒေသဖွံ့ဖြိုးရေးအတွက်သုံးရင် ပိုကောင်း မယ်၊ ဒေသခံတွေ တစ်နိုင်တစ်ပိုင်လုပ် တာက ဒီလောက်မြေတွေ မကုန်ပါဘူး”ဟု ဦးဂျွန်မောင်မောင်က ပြောသည်။

ဆီအုန်းကုမ္ပဏီတစ်ခုဖြစ်သည့် MSPP ကို အမှန်တကယ် စိုက်ထား သည့် ဧရိယာထက် ပိုမိုခွင့်ပြုရန် စီစဉ် နေခြင်းက နားမလည်နိုင်အောင်ဖြစ်ရ ကြောင်း မြေယာအရေး လှုပ်ရှားနေသည့် တောင်ပိုင်းလူငယ်ဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ခံ ကိုစံငွေက ဆိုသည်။
MIC ၏ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ လာရောက်ချိန်က ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းမရှိကြောင်း ကိုစံငွေက ပြောသည်။
“အောက်ခြေ အခြေအနေအမှန်ကို သူတို့(ဆုံးဖြတ်သူတွေ) သိဖို့ လိုတယ် လေ၊ ခုက တစ်ဖက်က(ကုမ္ပဏီဘက်က) တင်တဲ့ဟာကိုပဲ လက်ခံထားပြီးတော့မှ ခွင့်ပြုလိုက်တဲ့ဟာက ဒေသခံတွေရဲ့ အခြေအနေကို လှည့်မကြည့်သေးဘူး လို့ပဲ မြင်တယ်”ဟု ကိုစံငွေက ပြောသည်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ- ၂၂(ဂ)တွင် မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။

တနင်္သာရီတိုင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းပေါ်တွင် ယခင် ဒေသအာဏာပိုင် အဆက်ဆက်၏ ကြို တင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိ ထားသည့်မြေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ခွင့်ပြုချက်ဖြင့် လုပ်ခွင့်ပြု ထားသည့် မြေ၊ ပြည်ထောင်စုဝန်ကြီးဌာန ကြိုတင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရ သည့် မြေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့ ခွင့်ပြု ချက်ဖြင့် အသုံးပြုခွင့်ရသည့် မြေ ဟူ၍ လေးမျိုးရှိသည်။
ယခင် ဒေသအာဏာပိုင်များက ခွင့်ပြုထားခဲ့သည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း ဧက တစ်သိန်းခွဲနီးပါးကို တိုင်းအစိုးရက ၂၀၁၇ ခုနှစ်တွင် ပြန် လည်သိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုရ ထားသည့် ဆီအုန်းမြေများကို ပြန်သိမ်း ရန် စီစဉ်လာခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဌာန ကြိုတင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် မြေ ဧက ငါးထောင်ကိုမူ အမှန်တကယ် စိုက်ပျိုးထားပြီးဖြစ်ကြောင်း တိုင်းဒေ သကြီး မြေစာရင်းဌာနထံမှ သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဗဟိုအဖွဲ့ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့် ရထားသည့် မြေဧက ၂ သိန်းကျော် ရှိသည့်အနက် တစ်သိန်းရှစ်သောင်း ကျော်သာ အမှန်တကယ်စိုက်ပျိုးထားပြီး မစိုက်ပျိုးထားသည့် ဧကနှစ်သောင်းခွဲခန့် ကိုလည်း ပြန်သိမ်းရန် လုပ်ဆောင်လျက် ရှိကြောင်း ဦးမြင့်စန်းက ပြောသည်။

ယင်းမြေများကို ပြန်သိမ်းယူရန် ခရိုင်အလိုက် အဖွဲ့များဖွဲ့စည်းကာ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြေလွတ်၊ မြေ လပ်နှင့်မြေရိုင်းများ ဗဟိုကော်မတီကို တင်ပြထားကြောင်း ဝန်ကြီးဦးမြင့်စန်းက ဆိုသည်။