စုပေါင်းအမှိုက် ကောက်မည့်အစီအစဉ် ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်း

0
347

ထားဝယ်မြို့တွင် လူမှုအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများ၊ ဈေးသူဈေးသား များ စုပေါင်းကာ ဩဂုတ်လ ၂၅ ရက် တွင် ပညာပေးအနေဖြင့် စုပေါင်းအမှိုက် ကောက်ရန် စီစဉ်ထားသော်လည်း ရာသီ ဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းလိုက် ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီအတွင်းရေးမှူးက ပြောသည်။ လက်ရှိတွင် မိုးသည်းထန်စွာရွာ သွန်းနေခြင်းနှင့် အမှိုက်ကောက်မည့် ရက်တွင် မိုးရွာသွန်းနိုင်ခြင်း အစရှိသည့် အကြောင်းများကြောင့် လူဦးရေ ၄၀ဝ ခန့် ပါဝင်သည့် အမှိုက်ကောက်ပွဲကို ပွင့်လင်းရာသီရောက်ချိန်မှသာ လုပ် ဆောင်တော့မည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ပထမအစီအစဉ်ကို ရွှေ့ဆိုင်းလိုက် သော်လည်း စည်ပင်သာယာရေးဝန်ထမ်း များ၊ ဈေးသူဈေးသားများနှင့် ပုဂ္ဂလိက အမှိုက်သိမ်းအဖွဲ့များပါဝင်ကာ အဆိုပါ နေ့တွင် ပညာပေးအမှိုက်ကောက်မည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ “မိုးက ဆက်ရွာမယ့် အနေအထား ရှိလို့ ပွင့်လင်းရာသီရောက်မှပဲ လုပ် တော့မှာပါ”ဟု ကော်မတီအတွင်းရေးမှူး က ဆိုသည်။

ပညာပေးအမှိုက်ကောက်မည့်ဇုန် နေရာတစ်ခုကို သတ်မှတ်ပြီး လုပ်ဆောင် မည်ဖြစ်ကြောင်း ကော်မတီအတွင်းရေး မှူးက ဆိုသည်။ ယခင်အစီအစဉ်တွင် အမှိုက် ကောက် မည့်ဇုန်များကို လစဉ်နေရာပြောင်း သတ် မှတ်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများ အပါအဝင် စုပေါင်း ကောက်ရန် စီစဉ်ထားသည်။