တနင်္သာရီဂျာနယ်အမှုချေဖျက်ရန် တရားလွှတ်တော်ချုပ်ထံ လျှောက်ထား

0
824

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှုအား ချေဖျက်ပေးရန်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဩဂုတ်လ ၁၄ ရက်က လျှောက်ထားလိုက်ပြီဖြစ်သည်။တနင်္သာရီဂျာနယ်ဘက်က လျှောက် ထားမှုကို လက်ခံသင့်၊ မသင့်ကို ကြားနာမည်ဖြစ်ပြီး ကြားနာမည့်နေ့ရက်ကိုမသိရသေးကြောင်း တနင်္သာရီ ဂျာနယ် ဘက်က အမှုလိုက်ပါ ဆောင်ရွက်နေသည့်တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်း က ဆိုသည်။

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲ ဆွယ်အပြုံးခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးက ထားဝယ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။ မြို့နယ်တရားရုံးတွင် ၁၅ ချိန်း မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်တွင် အမှု ပယ်ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာ ရီဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသ ကြီး တရားလွှတ်တော်ထံ လျှောက်ထား ခဲ့ရာ တိုင်းတရားရုံးက အမှုမပယ်ဖျက်ဘဲ “ပလပ်” ခဲ့သည်။

တိုင်းတရားလွှတ်တော်၏ ဆုံးဖြတ် ချက်က မျှတမှုမရှိသည့်အတွက် ပြည် ထောင်စု တရားလွှတ်တော်ချုပ်ထံ ပြင် ဆင်မှု လျှောက်ထားခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ဆိုသည်။ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်က မီဒီယာနှုန်းစံတစ်ခုဖြစ်သည့် လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်းစဉ်းစားခြင်း ရှိ /မရှိအပေါ် သံသယရှိသည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ လျှောက်ထားခြင်းဖြစ်ပြီး တရားလွှတ် တော်ချုပ်က ကျယ်ကျယ်ပြန့်ပြန့် ထည့် သွင်းစဉ်းစားကာ ဆုံးဖြတ်ချက်ချမည်ဟု မျှော်လင့်ထားကြောင်း တနင်္သာရီ ဂျာနယ် ၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဆို သည်။

“ဥပဒေအရ ပေးထားတဲ့အခွင့် အရေးကို အဆုံးစွန်အထိ အသုံးချပြီး မီဒီယာလွတ်လပ်ခွင့်နှုန်းစံအပေါ် ရပ်ပြီး ကြိုးစားမှာပေါ့လေ”ဟု ဦးမျိုးအောင်က ပြောသည်။ တနင်္သာရီအပတ်စဉ်တွင် မဲဆွယ် အပြုံးသရော်စာ ဖော်ပြမှုနှင့် ပတ်သက် ၍ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုသွားရန် ဒီဇင်ဘာလ ၂၁ ရက်က မြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့ သည်။ ယခင်ခေတ်အဆက်ဆက်တွင် လည်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး နှင့် ပတ်သက်ပြီး တိုက်ရိုက်အမည် မဖော်ပြဘဲ စာဖတ်သူ ရယ်မောပျော်ရွှင် ဖွယ်ဖြစ်စေရန် ဟာသဖြင့် ရေးသားထား သည့် သရော်စာများရှိခဲ့သည်ဟု ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။

ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အမှုချေဖျက်ရန် ဆုံးဖြတ်ပါက ထားဝယ်မြို့နယ်တရားရုံးတွင် စွဲဆို ထားသည့်အမှုကို ပိတ်သိမ်းရမည်ဖြစ် သည်။ တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက် ထက်အတွင်း မီဒီယာကို ပထမဆုံးတ ရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။