ပို့/ဆက်ဌာနက သာရေးနာရေး ခေါင်းစဉ်တပ် ငွေကြေးကောက်ခံနေမှု သုံးဘီးယာဉ်မောင်းအချို့ ဝေဖန်

0
465

ပို့/ဆက် ဌာနတွင် လုပ်ငန်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်သည့် သုံးဘီး အချို့ထံမှ သာရေး နာရေး ကူညီဆောင် ရွက်ရေးအဖွဲ့ဟု ခေါင်းစဉ်တပ်ကာ ငွေ ကြေးကောက်ခံနေမှုအပေါ် သုံးဘီးယာဉ် မောင်းအချို့က ဝေဖန်ပြောဆိုနေကြ သည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန တနင်္သာရီတိုင်းရုံး သာရေး နာရေး ကူညီဆောင်ရွက်ရေးအဖွဲ့ဟု ခေါင်းစဉ်တပ်ကာ လုပ်ငန်းလိုင်စင်သက် တမ်းတိုးသည့် သုံးဘီးတစ်စီးလျှင် ငွေ ကျပ် ၃ ထောင် ကောက်ခံနေမှုက လက် ရှိခေတ်ကာလ အခြေအနေမျိုးတွင် မရှိ သင့်တော့ကြောင်း ထားဝယ်မြို့မှ သုံး ဘီးယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးဇော်မိုး က ဆိုသည်။

“မလိမ့်တပတ်နဲ့ လှည့်ပြီးကောက် တဲ့ပုံစံမျိုး ဖြစ်နေတယ် ၊ ဘယ်လိုသုံးစွဲ တယ်ဆိုတာလည်း မဖော်ပြထားဘူး”ဟု ဦးဇော်မိုးက ပြောသည်။
သုံးဘီးလုပ်ငန်းလိုင်စင်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနလက်အောက်ရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာန(ပို့/ဆက်)က သက်တမ်းတိုး ပေးသည်။
လုပ်ငန်းလိုင်စင်သက်တမ်းတိုး သည့် သုံးဘီးအားလုံးကို ကောက်ခံနေ ခြင်းမဟုတ်ဘဲ သုံးဘီးအချို့ကို ကောက် ခံကြောင်း သုံးဘီးယာဉ်မောင်းအချို့ထံမှ သိရသည်။

လုပ်ငန်းလိုင်စင်သက်တမ်းဆောင် ရွက်စဉ်က ယင်းအတွက် ငွေကြေး ကောက်ခံခဲ့သော်လည်း မထည့်လို ကြောင်း ပြောဆိုသည့်အတွက် မပေးခဲ့ရ ကြောင်း အခြားသုံးဘီးယာဉ်မောင်းတစ် ဦးဖြစ်သည့် ကိုလှသိန်းက ဆိုသည်။
“အလှူခံတဲ့ ပုံစံမျိုးနဲ့ ပွင့်ပွင့်လင်း လင်း ပြောတာမဟုတ်ဘူး၊ တစ်ဖက် လှည့်ပုံစံမျိုးနဲ့ ပြောတာ၊ အကုန်လုံး ပေါင်းပြီး(တရားဝင် ကျသင့်ငွေနှင့်) တောင်းတာ”ဟု ၎င်းက ပြောသည်။
အစိုးရဌာနတစ်ခုအနေဖြင့် ယင်း ကဲ့သို့ အလှူငွေကောက်ခံခြင်းက ဒီမို ကရေစီခေတ်တွင် မရှိသင့်တော့ကြောင်း ကိုလှသိန်းက ဆိုသည်။

ယင်းကဲ့သို့ သာရေးနာရေးအတွက် ငွေကြေးကောက်ခံမှုက ယခင်တိုင်းဦးစီး မှူးအဆက်ဆက်က ကောက်ခံနေခြင်း ဖြစ်ပြီး ယင်းငွေကြေးများကို ဝါဆို သင်္ကန်းကပ်ခြင်း၊ ကထိန်အလှူများ အစရှိသည့် အလှူအတန်းကိစ္စများတွင် ပြန်လည်သုံးစွဲကြောင်း လုပ်ငန်းလိုင်စင် နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိ နှိုင်းမှုဌာန(ပို့/ဆက်) တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စွာထွန်းက ပြောသည်။

သာရေးနာရေးအတွက် အလှူငွေ အဖြစ် ငွေကျပ် ၂ ထောင်သာ ကောက်ခံ ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်မှစကာ ကောက်ခံမှုကို ရပ်နားတော့မည် ဖြစ်ကြောင်း ၎င်းက ဩဂုတ်လ ၉ ရက် နေ့တွင် ပြောသည်။
“ကောက်ပြီးတော့ တြိဂံအဝိုင်း (လုပ်ငန်းလိုင်စင်)ထည့်တဲ့ ပလပ်စတစ် ဇစ်အိတ်တွေကို တစ်စီးချင်း ပေးတာ ပါ”ဟု ဦးကျော်စွာထွန်းက ပြောသည်။
ငွေကြေးကောက်ခံသည့် ငွေရ ပြေစာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းရုံး သာရေးနာရေး ကူညီဆောင်ရွက်ရေးအဖွဲ့ ပလပ်စတစ်လောင်း။ အိတ် ငွေရပြေစာ ဟု ဖော်ပြပါရှိပြီး ယာဉ်အမှတ်၊ လုပ်ငန်း အမျိုးအစား၊ သင့်ငွေ၊ ကောက်ခံသူ အမည်၊ လက်မှတ်၊ ရာထူးစသဖြင့် ပါရှိသည်။