အဆိပ်သီး စားသူများ

0
963

တညင်းသီးသည် မည်သည့် ကောင်း ကျိုးမျှ မပေးသော အဆိပ်သီးဟု ဆရာ ဝန်တို့က ရေးကြပြောကြသည်။ တနင်္သာရီ တိုင်းအတွင်းက တညင်းသီးချစ်သူများ အတွက်တော့ ထိုဆရာဝန်တို”ဟော ရင်းသာ ပျံတော်မူ”ဆိုသကဲ့သို့ ရေး ရင်းသာ မှင်ကုန်မည့်ကိန်း ဖြစ်ပါသည်။
“စားမှာပဲ၊ စားမှာပဲ၊ ငါ့ကို လာမတားနဲ့..”ဟူသော သီချင်းစာသား က တညင်းသီးချစ်သူများအတွက် ကွက် တိကျသည်။

တညင်းသီးချစ်သူများက တညင်း သီးဆီမှ ကောင်းကျိုးမရမှန်း သိကြ သည်။ ကွက်ကွက်ကွင်းကွင်း မသိသည့် တိုင် အနည်းအကျဉ်းမျှကား ရိပ်မိ ကြသည်။
အနည်းဆုံးတော့ တညင်းသီးစား သူများက”အဝင်လည်း နံ၊ အထွက် လည်းနံ”ဟု ပြောကြသည်။ ပြောလည်း ပြော စားလည်း စားကြသည်။

“ပါးစပ်နံလို့ ကွမ်းယာ ဝယ်စားရ တယ်။ ဘာကောင်းတာမှ မရှိမှန်း သိရဲ့ နဲ့ မစားဘဲလည်း မနေနိုင်။ ကျွန်မအမေ ဆို အသက် ၇၀ ကျော်သွားမရှိတော့တဲ့ အထိ တညှင်းသီးကို ပါးပါးလှီးပြီး ဆုံ ထောင်းနဲ့ကို ထောင်းပြီး စားတဲ့အထိ ကြိုက်တယ်”ဟု မြိတ်၊ မြို့သစ်ရပ်နေ အသက် ၄၀ အရွယ် မစန္ဒာက ပြောသည်။
ကြိုက်သူတို့ စားလိုက်ကြသည်မှာ တညင်းသီးဖြစ်စ နုနုရွရွမှသည် အထား ခံရန် အိုးဖြင့် စိမ်စားသည်။
‘စားတယ်၊ ကြိုက်တယ်၊ ဆားအိုး စိမ်တွေ ပိုစားဖြစ်တယ်၊ ကိုယ့်ဘာသာ ကိုယ် စိမ်စားတာ”ဟု ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်မှ အသက် ၃၀ အရွယ် မအေးမြင့်က ပြောသည်။
တညင်းသီးကို စားပုံစားနည်းက အစုံ။ အနု စိမ်း အပြုတ်ကို ငပိဖျော်၊ ငါးစင်းကော၏ တို့စရာ အဖြစ်မှအစ ဟင်းအမျိုးမျိုး ချက်စား၊ ပေါင်းစား ကြသည်။

တစ်ချို့ဆိုလျှင် တညင်းသီးကို သွားရေစာအမျိုးမျိုးပင် လုပ်စားကြသေး သည်။
“ငယ်ငယ်က ရွာမှာပျား (ဓနိ သကြား) နဲ့တို့ပြီး စားဖွယ်အချိုသဘော လို စားရတာ အလုံး ၂၀ လောက်စား လည်း ဘာမှမဖြစ်ဘူး”ဟု မြိတ်မြို့နေ အသက် ၄၀ ကျော်အရွယ်ရှိ ကိုအောင်က ပြောသည်။
တညင်းသီး စားလျှင် ကျောက်ကပ် ထိခိုက်နိုင်သည်ဟု သိထားသည်ဆိုသော ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာသား ကိုငွေစိုး သည်လည်း တညင်းသီး၏ ဆွဲဆောင်မှု ကို မရုန်းနိုင်ပါ။
“ထမင်းဝိုင်းထဲရှိရင်တော့ စား လိုက်တာပဲ”ဟု ကိုငွေစိုးက ပြောသည်။

ကိုငွေစိုး သိထားသကဲ့သို့ တညင်း သီးစားခြင်းက အဆိပ်သင့်ကာ ကျောက် ကပ်ကို ရုတ်တရက် ပျက်စီးခြင်း ရောက် စေတတ်ကြောင်း ဆရာဝန်စာရေး ဆရာတစ်ဦးဖြစ်သူ ကိုရိုးဆေးက သူ၏အတွေ့အကြုံကို အခြေခံကာ ဆောင်းပါး ရေးဖူးပါသည်။
တညင်းသီးတွင် လူကို အကျိုး ပြုသည့် သတ္တုဓာတ်မပါဝင်သော်လည်း လူကို အဆိပ်တောက်ဖြစ်စေသည့် Djankolic Acid   ခေါ် အဆိပ်ဓာတ် ၀ ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၃ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ၎င်းအဆိပ် သင့်ပါက ကျောက်ကပ်နှစ်ခုစလုံးကို ပျက်စီးစေနိုင်ကြောင်း ထိုဆောင်းပါး တွင် ဖော်ပြခဲ့သည်။
ယင်းသို့ ကျောက်ကပ် ရုတ်တရက် ပျက်စီးပါက ကျောက်ကပ် ဆေးကြော စက်မရှိတဲ့ နယ်ဆေးရုံများအတွက် နိုင်သလောက် ကုသကာ တညင်းသီး အဆိပ်သင့်သည့် လူနာအသက်ကို ဘုရားကိုအပ် ဆုတောင်းရုံသာ ရှိသည် ဟု ကိုရိုးဆေးက ရေးခဲ့သည်။

တညင်းသီးအဆိပ်မသင့်ရေး ကာကွယ်နည်းမှာ အသက်ပင် ဆုံးရှုံးနိုင် သော တညင်းသီးကို ရှောင်ကျဉ်ခြင်းက အကောင်းဆုံးဟု ကိုရိုးဆေးက မှတ် ချက်ပြုခဲ့သည်။
တချို့က တညင်းသီးဆိုးကျိုး သိနေ သော်လည်း စားနေကြဆဲ။ တော်ပြီဟု ပြောလာသူ ရှားနေဆဲ။
ကော့သောင်း ရွှေဇင်ယော် ရပ်ကွက် မှ အသက် ၃၀ အရွယ်မအေးမြင့်သည် လည်း အင်တာနက်သတင်းများတွင် တညင်းသီးအကြောင်း ဖတ်ရတော့ လန့် လာပြီး သိပ်မစားရဲတော့ကြောင်း ပြော သည်။
သို့သော် ရာသီပေါ် အဆိပ်သီးကို မဖြတ်ရက်ပေ။

“သိပ်မစားရဲတော့ဘူး၊ သူက အဆိပ်လိုဖြစ်နေတယ်ဆိုတော့၊ ဒါပေမဲ့ မပြတ်နိုင်သေးဘူး၊ ကြိုက်တာကိုး၊ လျော့တဲ့အဆင့်ပဲ ရှိသေးတယ်”ဟု မအေးမြင့်က ပြောသည်။
လွန်ခဲ့သည့် ၅ နှစ်ကျော်က ဖြစ်ခဲ့သည့် ကျောက်ကပ်တွင် ကျောက် တည်သဖြင့် တညင်းသီးရှောင်ခဲ့သည့် လောင်းလုံးမြို့နယ် အင်းဝန်းကျေးရွာမှ ဒေါ်သန်းသန်းဆင့်သည်လည်း ယခု အခါ ရောဂါအနည်းငယ် သက်သာနေ သည်ဟု ယူဆချက်ဖြင့် တညင်းသီးကို ပြန်စားမိနေပြီဟု ဆိုသည်။

“တညင်းသီချဉ်ဖတ်ကို သမီးတွေ စားရင် မနေနိုင်လို့ တစ်လုံးလောက် စားဖြစ်သေးတယ်။ စားနေတာမြင်ရင် မနေနိုင်ဘူး။ ထမင်းမြိန်တယ် ဒညင်း သီချဉ်ဖတ်လေးနဲ့”ဟု ဒေါ်သန်းသန်း ဆင့်က ပြောသည်။
ဤသို့ဖြင့်..၊
ဆရာဝန်တို့ ဟောရင်းသာ ပျံတော် မူမည်။
ဤရာသီစာအဆိပ်သီး၏ ဆိုးကျိုး ကို သိသူရော မသိသူတို့ပါ မပစ်ပယ် ရက်စွာ၊ စွဲလမ်းနှစ်ချိုက်စွာ စားနေ ကြဦးမည်မှာ သေချာနေပါသသည်။
“ခြံမှာလည်းအပင်ကရှိတယ် တောဓလေ့အရ စားဖွယ်တစ်ခုဖြစ် နေတော့ စားနေအုံးမှာပဲ”ဇရပ်ဆိပ် ရွာသား ကိုငွေစိုးက ပြောသည်။