ဟိန္ဒားသတ္တုမိုင်းတွင် မြေပြို၍ နှစ်ပတ်အတွင်း လူနှစ်ဦးသေ

0
313

ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တု မိုင်းတွင် နှစ်ပတ်အတွင်း မြေပြို၍ လူ နှစ်ဦး သေဆုံးသွားခဲ့သည်။
မြန်မာပွန်ပီပက်ကုမ္ပဏီက လုပ် ကိုင်လျက်ရှိသည့် ဟိန္ဒားသတ္တုမိုင်းတွင် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ သေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ဇူလိုင်လ ၁၇ ရက်က အထက်ပါ ကုမ္ပဏီ၏ လုပ်ကွက် B အနောက်ဘက် လျှိုအတွင်း ခဲကျင်နေသည့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေ ဆုံးခဲ့ကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းနောက် ဇူလိုင်လ ၃၀ ရက် တွင် အထက်ပါကုမ္ပဏီ၏ လုပ်ကွက် B တောင်ဘက်ရှိ လျှိုအတွင်း ခဲကျင်နေ သည့် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မြေပိကာ သေဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ လူသေဆုံးမှုနှစ်ခုစလုံးက မြေပြိုရာမှ မြေပိပြီး သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။