ခရီးသည်တင်ကားများ လမ်းတွင် စည်းကမ်းမဲ့ရပ်ကာ ခရီးသည်ခေါ်ခြင်းအပေါ် မြို့နေလူတချို့ ဝေဖန်

0
467

ထားဝယ်မြို့မှ လောင်းလုံးမြို့နယ် အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မှန်လုံကားငယ်များက ကားလမ်းနံဘေး တွင်ရပ်နားပြီး ခရီးသည်ခေါ်နေခြင်း ကြောင့် ယာဉ်တိုက်မှုများဖြစ်လာနိုင် သည်ဟု ထားဝယ်မြို့နေ ပြည်သူအချို့ က ဝေဖန်ပြောဆိုလျက် ရှိသည်။

ထားဝယ်မြို့ရှိ အခွန်လွတ်ဈေး အနီးရှိ ညောင်ပင်ကြီးလမ်းဆုံတွင် ခရီး သည်တင် မှန်လုံငယ်များက လမ်းဘေး တွင် ရပ်နားကာ ခရီးသည်များ အပြိုင် အဆိုင် ခေါ်နေခြင်းကြောင့် ယာဉ်ကြော များ ရှုပ်ထွေးလာပြီး ယာဉ်တိုက်မှုများဖြစ် လာနိုင်သည်ဟု ထားဝယ်မြို့ ဆန်းချီရပ် ကွက်နေ ဦးရဲထွဋ်က ဆိုသည်။
“ကားဝင်းမရှိဘူးဆိုရင် တမျိုးပေါ့၊ အခုက ကားဝင်း(အနီးယာဉ်ရပ်နား စခန်း) ရှိတော့ အထဲမှာဝင်ရပ်ရင် အကောင်းဆုံး ပေါ့”ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းကဲ့သို့ လမ်းမဘေးတွင် ကား ရပ်ပြီး ခရီးသည်ခေါ်နေခြင်းက မြို့ပြ အင်္ဂါရပ်နှင့်လည်း ညီညွတ်မှုမရှိဘဲ အမြင်မတင့်တယ် ဖြစ်နေကြောင်း ပြော ဆိုနေသူများလည်း ရှိသည်။
အခွန်လွတ်ဈေးနှင့် မီးသတ်လမ်း ဆုံကြားရှိ လမ်း ၃ ခုဆုံသည့် ညောင် ပင်ကြီးအောက်တွင် မနက်ပိုင်းအချိန် များ၌ လောင်းလုံးမြို့နယ်ဘက်သို့ ပြေး ဆွဲနေသည့် မှန်လုံကားငယ် အနည်းဆုံး သုံးစီးမှ ငါးစီးခန့်အထိ ပုံမှန်ရပ်နားကာ ခရီးသည်ခေါ်နေသည်။

ယင်းကဲ့သို့ ကားဝင်းပြင်ပ လမ်းမ ဘေးတွင် ရပ်နားပြေးဆွဲနေခြင်းကြောင့် အခွန်လွတ်ဈေးဝင်းအတွင်း ရောင်းချနေ သည့် ဆိုင်များလည်း ရောင်းအားကျဆင်း လာကြောင်း အခွန်လွတ်ဈေးဝင်းအတွင်း ဈေးဆိုင်ရောင်းနေသည့် အသက် ၄၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆို သည်။

“ကားကွင်းထဲမှ အခွန်အခတွေ ပေးပြီးရောင်းနေပေမယ့် ကားတွေ ကား ဝင်းထဲဝင်အောင် ဌာနတွေက မကြီးကြပ် နိုင်ကြဘူး”ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထားဝယ်မြို့တွင် ရေဖြူ၊ လောင်း လုံးမြို့နယ်နှင့် မေတ္တာမြို့သို့ပြေးဆွဲနေ သည့် ကားအချို့မှာ ကားကွင်းတွင် ရပ်နားကြခြင်း မရှိပေ။