ကျွန်းစုတွင် တရားမဝင်သစ် သယ်လာသည့် လှေတစ်စီး ဖမ်းမိ

0
514

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် တရားမဝင်သစ်များ သယ်လာသည့် လှေတစ်စီးကို ဇူလိုင်လ ၂၃ရက်က တပ်မတော်ရေယာဉ်က ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ကျွန်းစုမြို့နယ်အတွင်းရှိ ပင်ကွင်း
ကျွန်း အနောက်မြောက်ဘက် ပင်လယ်ပြင်တွင် အလျား ၄၂ ပေခန့်ရှိ အမည်မရှိသည့် သစ်ခိုးလှေပေါ်တွင် သစ်ခွဲသားဆိုဒ်စုံ ၆ တန်ခန့်ကို တပ်မတော်ရေယာဉ်က ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါလှေသည် ဇူလိုင်လ ၂၂ရက်က ကျွန်းစုမြို့နယ်အတွင်းရှိ စလွန်းအော်ကြီးကျေးရွာတွင် သစ်များ တင်ဆောင်ပြီး မြိတ်မြို့နယ်သို့ပို့ဆောင်လာစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြသည်။
တရားမဝင်သစ်များ သယ်ဆောင်လာသည့်လှေနှင့်အတူ အမျိုးသား ၃ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း တိုင်းရဲ
တပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။