အုပ်ချုပ်ရေးမှူးက လက်ထိတ်ခတ် အုပ်စုဖွဲ့ ဝိုင်းရိုက်သည်ဟုဆိုသည့်အမှု တစ်လကြာသည်အထိ မထူးသေး

0
372

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက မင်းဒပ်ကျေးရွာ အုပ်စု ဝဲရစ်ရွာမှ ရွာသားတစ်ဦးအား လက်ထိတ်ခတ်၍ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုး ကြိတ်ရိုက်နှက် သည်ဟုဆိုကာ ဇွန်လ ၂၁ ရက်က နယ်မြေရဲစခန်းတွင် ဖွင့်ထား သော အမှုမှာ တစ်လကြာသည့်တိုင် အကြောင်းမထူးသေးဟု အမှုဖွင့်ထား သည့် ရွာသားထံမှ သိရသည်။
ဇွန်လ ၁၉ ရက် ညနေတွင် ဆိုင် တစ်ဆိုင်အတွင်း လက်ထိတ်ခတ်ကာ လူ ၂၀ ခန့် ဝိုင်းရိုက်ခံရခြင်းကြောင့် ဝင်းဝနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ သော်လည်း တစ်လကျော်ကြာမြင့်သည့် တိုင် အကြောင်းတစ်စုံတရာ မထူးဘဲဖြစ် နေကြောင်း အရိုက်ခံရသည့် ဝဲရစ်ရွာ သား ကိုညီညီထွေးက ပြောသည်။

“ကိုယ်က တိုင်ထားတယ်ဆိုတော့ ဘယ်တော့ ထူးမလဲပေါ့၊ ဘယ်အချိန် ခေါ်စစ်ဦးမလဲ အဆင့်သင့်စောင့်နေရ တော့။ အလုပ်လည်း မလုပ်ရဘူး၊ မြန် မြန် ဆောက်ရွက်စေချင်တယ်”ဟု ကိုညီညီ ထွေးက ပြောသည်။
အမှုဖွင့်ပြီး တစ်ရက်ကြာတွင် ၎င်း နှင့် သက်သေငါးဦးကို ခေါ်ယူစစ်ဆေး ခဲ့ပြီး ထပ်မံစစ်ဆေးခြင်း မရှိတော့ဟု ၎င်းက ဆိုသည်။
လက်ထိတ်ခတ်ထိုးကြိတ်ခဲ့စဉ် ချိန်ကရရှိခဲ့သည့် အခြားဒဏ်ရာအချို့မှာ လက်ရှိတွင် သက်သာသွားသော်လည်း မျက်လုံးတွင် ထိခဲ့သည့်ဒဏ်ရာမှာ မသက် သာသေးဘဲ မျက်လုံးအိမ်တွင် အနီကွက် ထင်နေဆဲဟု ၎င်းက ပြောသည်။
ယင်းအမှုကို စတင်လက်ခံစဉ်က ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ဝင်းဝရဲစခန်း စခန်းမှူး ရဲအုပ်မင်းနိုင်က ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် တိုင်ကြားချက်အတွက် မည်သည့်အမှုဖြင့် စွဲဆိုသင့်ကြောင်း သရက်ချောင်းမြို့နယ်တရားရုံးသို့ ဥပဒေအကြံတောင်းတင်ထားသည်ဟု စခန်းမှူး ရဲအုပ်မင်းနိုင်က ပြောသည်။
“ဥပဒေအကြံတောင်း တင်ထားပါ တယ်၊ ကျတာနဲ့ တရားစွဲတင်ပါမယ်။ ဒီအပတ်ထဲမှာတင်ထားတာပါ”ဟု ရဲအုပ်မင်းနိုင်က ဇူလိုင်လ ၂၀ ရက်တွင် ပြောသည်။

အခင်းဖြစ်သည့်နေရာမှာ ရငဲကျေး ရွာအုပ်စုပိုင်နှင့် မင်းဒပ်ကျေးရွာအုပ်စုပိုင် နှစ်ခုကြားရှိ ကမြိုင်ကျေးရွာအုပ်စုပိုင် ထားဝယ်-မြိတ် ကားလမ်းဘေး ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။
ဝဲရစ်ရွာသားအချို့ကမူ ရွာအုပ် ချုပ်ရေးမှူးက လက်ထိတ် အသုံးပြုခွင့် ရှိမရှိ သိလိုနေကြပြီး အုပ်စုဖွဲ့ရိုက်နှက်ခဲ့ သည့် ယခုအမှု အဘယ်ကြောင့် ကြန့်ကြာနေသည်ကို သိလိုကြောင်း ပြောကြသည်။

“ရွာလူကြီးမှာ လက်ထိတ်ခတ်ခွင့် ရှိလား၊ အဲလို လက်ထိတ်ခတ်အုပ်စုဖွဲ့ထိုးကြိတ်တာကို ခုထိ ဘာလို့ အရေးမယူ သေးတာလဲ မေးချင်တယ်”ဟု ဝဲရစ် ရွာသားတစ်ဦးဖြစ်သူ ဦးဝင်းဌေးက ပြော သည်။