ထားဝယ်ဒေသ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း စဖွဲ့

0
354

ထားဝယ်ဒေသ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သူ များအသင်းကို ဇူလိုင်လ ၈ ရက်က စတင်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးကိုကိုဝင်းက ပြော သည်။

ထားဝယ်ခရိုင်အတွင်းရှိ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးနေသူ ၆၀ ဦးခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဈေးကွက် ရှာဖွေခြင်းအပြင် စိုက်ပျိုးရေး နှင့်ပတ်သက်သည့် ပြဿနာများကို ပူး ပေါင်းအဖြေရှာသွားမည်ဖြစ်ကြောင်း ဦးကိုကိုဝင်းက ဆိုသည်။
အဆိုပါအသင်းကို တိုင်းကုန်သည် နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း က ကမကထပြုကာ ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ပြောသည်။

“နောက်ထပ်လည်း စိုက်ပျိုးရေး လုပ်နေသူတွေနဲ့ စိုက်ပျိုးရေးစိတ်ဝင် စားသူတွေ အသင်းဝင်နိုင်ပါတယ်”ဟု ဦးကိုကိုဝင်းက ဆိုသည်။
ထားဝယ်ဒေသတွင် စိုက်ပျိုးထွက် ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ၀လံများ ရောင်းချရန် လုံလောက်သည့် ဈေးကွက်၊ သတင်းအချက်အလက်နှင့် အဆက်အသွယ် များရရှိစေရန် ရည်ရွယ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင် က ဆိုသည်။

“ဒီစိန်ခေါ်မှုတွေ အားလုံးကို ဖြေရှင်း ဖို့အတွက် ဖွဲ့စည်းပေးခြင်း ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်နိုင်က ပြောသည်။
အသင်းဝင်ရာတွင် ငွေကြေး ကောက်ခံခြင်းမရှိဘဲ အသင်းဝင် လျှောက် လွှာများကိုလည်း အခမဲ့ ထုတ်ယူနိုင် ကြောင်း ယင်းအသင်းထံမှ သိရသည်။