ထားဝယ်တိုင်းရင်းဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသသူ မရှိသေး

0
892

ထားဝယ်မြို့ရှိ တိုင်းရင်းဆေးရုံတွင် လက်ရှိအချိန်ထိ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူသူ မရှိသေး ကြောင်း အထက်ပါဆေးရုံမှ ဒုဆေးရုံ အုပ် ဒေါ်ခင်သန်းနုက ပြောသည်။

၁၆ ခုတင်ဆံ့ အဆိုပါ တိုင်းရင်း ဆေးရုံတွင် အတွင်းလူနာများကို ယခု နှစ် ဧပြီလက စတင်လက်ခံနေသော်လည်း တက်ရောက်ကုသသူ မရှိသေးဘဲ ပြင်ပ လူနာသာ လာရောက်ကြကြောင်း ဒုဆေးရုံအုပ် ဒေါ်ခင်သန်းနုက ဆိုသည်။
“အတွင်းလူနာက လာတက်သူ မရှိလို့ပါ၊ လာတက်မယ်ဆို လူနာစောင့် ပါဖို့တော့ လိုအပ်တယ်”ဟု ဒေါ်ခင်သန်း နုက ပြောသည်။
လက်ရှိ အဆိုပါဆေးရုံတွင် တိုင်း ရင်းဆေးဆရာမ ၃ ဦးဖြင့် ကုသပေးနေပြီး နေ့စဉ်ပြင်ပလူနာ ၃၀ ဦးမှ ၆၀ ဦးကြား လာရောက်ကုသကြောင်း အထက်ပါ ဆေးရုံထံမှ သိရသည်။

ယင်းဆေးရုံသို့ ဒူးနာ၊ ခါးနာ၊ လေဖြန်းခြင်း၊ မီးယပ်ရောဂါ အစရှိသည့် ရောဂါခံစားရသူ အများစု လာရောက် ပြသကြကြောင်း ဒေါ်ခင်သန်းနုက ဆိုသည်။
ပြင်ပလူနာများကို စနေနေ့နှင့် တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များတွင် မနက် ၈နာရီခွဲမှ မွန်းတည့် ၁၂ နာရီ အထိ၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီ ခွဲအထိ လာရောက်ကုသနိုင်ကြောင်း အထက်ပါ ဆေးရုံထံမှ သိရသည်။

ထားဝယ်မြို့ရှိ တိုင်းရင်းဆေးရုံကို ယခုနှစ် ဖေဖော်ဝါရီလက စတင်ဖွင့်လှစ် ခဲ့သည်။