တနင်္သာရီ ရေကြီးမူကြောင့် ကော့သောင်း ယာဉ်လိုင်းအချို့ ယာယီရပ်နား

0
393

တနင်္သာရီမြို့ ကျေးရွာအချို့ ရေကြီးမှုကြောင့် ကော့သောင်းမြို့မှ မြိတ်-ထားဝယ် ပြေးဆွဲနေသည့် ခရီး သည်တင်ယာဉ် လိုင်းတချို့ ယာယီရပ် နားထားကြောင်း ကော့သောင်းမြို့ အဝေးပြေးကား လက်မှတ်အရောင်းဌာန များထံမှ သိရသည်။
အဝေးပြေးကားလမ်းပေါ်ရှိ ကျေး ရွာများဖြစ်သည့် ညောင်ပင်ကွင်းကျေး ရွာ၊ လယ်တောင်ယာကျေးရွားအနီး လမ်းပေါ် ရေကျော်မှုဖြစ်ပွားနေပြီး ယာဉ် များအား ဇက်သင်္ဘောဖြင့် ကူးဖြတ်နေ ရသည့်အတွက် ယာဉ်လိုင်းတချို့ ယာယီ ရပ်နားလိုက်ခြင်း ဖြစ်သည်ဟု သိရ သည်။

အဝေးပြေးယာဉ်လိုင်းများအနက် မိုးကောင်းကင်၊ မန္တလာမင်း၊ အန်တီဝင်း စသည့် လေအိတ်ကားကြီးများ ရပ်နား ထားသည်မှာ ၂ ရက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
“ထွက်ရင်လည်း လမ်းမှာ ခရီး လမ်းက အဆင်မပြေတော့ ခရီးသည် တွေပဲ ပင်ပန်းမှာလေ။ ဒါကြောင့် ခဏ တော့ နားထားသေးတယ်”ဟု ကော့သောင်း မိုးကောင်းကင် ဂိတ်မှူးက ဆိုသည်။

ယာဉ်လိုင်းငယ်များမှာမူ ခရီးစဉ် ကို ပုံမှန်ပြေးဆွဲနေပြီး ဇက်ဖြင့် ဖြတ် ကူးသည်ဟု ၎င်းက ဆိုသည်။
တနင်္သာရီမြို့ မြစ်ရေကြီးမှုသည် ဇူလိုင် ၂၀ ရက် ည ၈ နာရီ တိုင်းတာ ချက်အရ ရေအမှတ် ၂၆ ပေ ၃ လက်မ ရှိသည်ဟု တနင်္သာရီ မြို့ မြစ်ရေစောင့် ကြည့်နေသည့်အဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံ မိုးလေ၀သခန့်မှန်း တိုင်းတာချက်အရ တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာကွက်ကျား မိုးများ နိုင်သည်ဟု ခန့်မှန်းထားသည်။