သတ်မှတ်ချိန် လုပ်ငန်းမပြီးသည့် ဆောက်လုပ်ရေးကုမ္ပဏီများအား အရေးယူ

0
463

တနင်္သာရီမြို့နယ်တွင် သတ်မှတ် ထားသည့်အချိန်တွင် လုပ်ငန်းမပြီးစီး သည့် ဆောက်လုပ်ရေးကုမ္ပဏီများအား အရေးယူခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။
သာယာကုန်းကျေးရွာ၊ဘန်းလမွတ် ကျေးရွာ၊ ချောင်းလမုကျေးရွာနှင့်သိန်ခွန်း ကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများနှင့် လယ်တောင်ယာကျေးရွာမှ အလက(ခွဲ)ကျောင်းဆောင်သစ်တို့ကို ဇွန်လကုန်အပြီး တည်ဆောက်ပေးရမည် ဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြီးစီး မှုမရှိသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

သတ်မှတ်ချိန်တွင် လုပ်ငန်းမပြီးစီး သည့် ကုမ္ပဏီတို့အား ဒဏ်ကြေးပေး ဆောင်ခြင်း၊ လုပ်ငန်းများရပ်ဆိုင်းတို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။
ဘန်းလမွတ်ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲအား တာဝန်ယူထား သည့် HTOO HTET SHEIN Co. Ltd နှင့် ချောင်းလမုကျေးရွာနှင့်သိန်ခွန်း ကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲအား တာဝန်ယူထားသည့် Global Focus Engineering Co.Ltd တို့အား ဩဂုတ်လအပြီး ဆောင်ရွက်ရန်နှင့် ဒဏ် ကြေးပေးဆောင် ရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။
လယ်တောင်ယာကျေးရွာမှ အလက(ခွဲ)ကျောင်းဆောင်သစ်ကို တာ ဝန်ယူဆောက်လုပ်သည့် ကော့သောင်း သရီးစတားကုမ္ပဏီကို လုပ်ငန်းရပ်ခိုင်း ထားပြီး သာယာကုန်းကျေးရွာမှ ကျေး လက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ် သည့် ယွန်းနဒီကုမ္ပဏီကို BlackList စာရင်းသွင်းခဲ့ကြောင်း ဦအောင်ကျော် ဟိန်း က ပြောပြသည်။

“လုပ်ငန်းရပ်ဆိုင်းထားရတာကို အဆောက်အဦးဦးစီးဌာနက ဆက်ပြီး တာဝန်ယူဆောက်မယ်”ဟု ၎င်းက ဆိုသည်။
ယင်းသို့ အရေးယူမှုများကို ပြီးခဲ့ သည့် ဇူလိုင်လ ၁၀ ရက်နေ့က တနင်္သာရီ မြို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖ များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ ပါဝင်သည့် အစည်းအဝေးပွဲတွင် အများ သဘောတူညီမှုဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ယင်းပွဲတက်ရောက်ခဲ့သူ တစ်ချို ထံမှ သိရသည်။

ဆုံးဖြတ်ချက်များအား တိုင်းအစိုး ရအဖွဲ့ထံသို့ ပေးပို့မည်ဖြစ်ပြီးပြုပြင်ခြင်း နှင့် ပယ်ဖျက်ခြင်းတို့သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ် ချက်သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။