မိုးစပါးချေးငွေကာလ တစ်လ ထပ်တိုး

0
513

ယခုနှစ် မိုးစပါးချေးငွေထုတ်ချေး မည့်ကာလ တစ်လထပ်တိုးထားသဖြင့် ဇူလိုင်လအကုန်အထိ မိုးစပါးချေးငွေ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြော ကြားသည်။

ယခင်က မိုးစပါးချေးငွေများ အား လုံးကို ဇွန်လအကုန်တွင် အပြီးထုတ်ချေး ရန် ညွှန်ကြားထားသော်လည်း တိုင်းနှင့် ပြည်နယ်အသီးသီး ချေးငွေထုတ်ချေး ကာလ ထပ်တိုးပေးရန်တောင်းဆိုသဖြင့် ယင်းကဲ့သို့ တစ်လထပ်တိုးပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြော သည်။
တနင်္သာရီတိုင်းတွင် ချေးငွေ ထုတ် ချေးရန် မြိတ်၊ ကျွန်းစုနှင့် ပုလောမြို့နယ် သုံးခုတွင် အနည်းငယ် ကျန်ရှိနေပြီး ကျန်မြို့နယ်များအားလုံး ချေးငွေ ထုတ် ချေးမှု ပြီးပြတ်သွားပြီဖြစ်ကြောင်း ၎င်း က ပြောသည်။

“ကျန်နေတဲ့မြို့နယ်တွေကို ဇူလိုင်လ ပထမပတ်လောက်မှာ အားလုံးပြီးအောင် ထုတ်ချေးနိုင်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။
တိုင်းအတွင်း ဇူလိုင်လ ၂ ရက်နေ့အထိ စာရင်းအရ လယ်သမား ၁၇၉၁၆ ဦးကို ချေးငွေ ကျပ်သန်းပေါင်း ၁၅၄၄၇ ဒဿမ ၇၅ သန်း ထုတ်ချေးထားပြီး ၉၀ ရာခိုင် နှုန်းနီးပါး ထုတ်ချေးပြီးနေပြီ ဖြစ်ကြောင်း ယင်းဌာနစာရင်းများအရ သိရသည်။

ယခုနှစ်မိုးစပါးချေးငွေထုတ်ချေးရာတွင် ယမန်နှစ်များနှင့်မတူဘဲ ချေးငွေ အာမခံအဖြစ် ပုံစံ (၇) မူရင်းသိမ်း ဆည်းခြင်း၊ တစ်ဦးချင်း အာမခံစနစ်ဖြင့် ထုတ်ချေးခြင်း စသဖြင့် ချေးငွေထုတ်ချေး သည့် ပုံစံပြောင်းလဲထားသည်။