မြိတ်ခရိုင်က လူနာတင်ယာဉ် စုပေါင်းကွန်ရက်ဖွဲ့

0
484

မြိတ်ခရိုင်အတွင်းရှိ လူနာတင် ယာဉ်အားလုံး ချိတ်ဆက်လုပ်ဆောင်နိုင် ရန်အတွက် ကွန်ရက်တစ်ခုကို ဇူလိုင်လ ၇ ရက်နေ့က အတည်ပြုဖွဲ့စည်း လိုက် ကြောင်း ယင်းအသင်းထံမှ သိရသည်။
ခရိုင်အတွင်း တစ်နေရာရာ၌အရေး ပေါ်အကူအညီ လိုအပ်လျှင် သက်ဆိုင် ရာ မြို့နယ်အတွင်း အနီးစပ်ဆုံးရှိသည့် အရေးပေါ်လူနာတင်ယာဉ်များ အလျှင် အမြန်သွားရောက် ကူညီနိုင်ရန်ကွန်ယက် ဖွဲ့ရခြင်းဖြစ်သည်ဟု ယင်းကွန်ရက် အဖွဲ့ဝင် ဦးစိုးဦးက ပြောသည်။

ယင်းအပြင် ပရဟိတအသင်းများ တစ်သင်းနှင့်တစ်သင်း ကွဲပြားနေသည့် အတွက် ပေါ်လာသည့်အခက်အခဲ ပြဿနာ များအား အစုအဖွဲ့ဖြင့် ဆောင်ရွက်နိုင် ရန်၊ အသင်းအဖွဲ့များအနေဖြင့်လည်း စည်းစည်းလုံးလုံးနှင့် စည်းကမ်း တစ်ကျ လည်ပတ်ဆောင်ရွက်သွားနိုင်ရန်လည်း ရည်ရွယ်သည်ဟု ယင်းအသင်း၏ အတွင်း ရေးမှူး ဦးအောင်မြတ်သူက ဆိုသည်။

“စည်းကမ်းဖောက်ဖျက်မှုတွေ မရှိ အောင်၊ ပြီးတော့ ယာဉ်မောင်းတွေ တစ်စုံတစ်ရာဖြစ်ရင်လည်း ဝိုင်းဝန်းပြီး ကူညီနိုင်အောင်၊ အသင်းအဖွဲ့တွေ အား လုံး စည်းကမ်းတကျ ရှိလာနိုင်အောင် ဒီအဖွဲ့ကိုဖွဲ့ဖြစ်ခဲ့တယ်”ဟု ၎င်းက ပြော သည်။
ခရိုင်စုပေါင်းကွန်ရက် အဖွဲ့သို့ မြိတ်၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်များမှ ပရဟိတအရေး ပေါ်လူနာတင်ယာဉ်အသင်းများ လာ ရောက်ပူးပေါင်းခဲ့ကြပြီး လက်ရှိအဖွဲ့ ပေါင်း ၅၄ ဖွဲ့ဖြင့် အတည်ပြု ဖွဲ့စည်းခဲ့ သည်ဟု အတွင်းရေးမှူးက ပြောပြသည်။
ကွန်ရက်ချိတ်ဆက်မှု မရှိခြင်း ကြောင့် အရေးပေါ်ဖြစ်သည့် နေရာ၌ တစ်ခါတစ်ရံ ယာဉ်သုံးလေးစီး သွားဆုံ နေတတ်သဖြင့် ယခုကဲ့သို့ ကွန်ရက် ဖွဲ့လိုက်ခြင်းသည် ကောင်းမွန်ကြောင်း ကွန်ရက်အဖွဲ့ဝင် တစ်ဦးကပြောသည်။

လက်ရှိမြိတ်ခရိုင်အတွင်း လူနာ တင်ယာဉ်ပေါင်း ၈၀ နီးပါးခန့်ရှိကြောင်း ယင်းစုပေါင်းကွန်ရက် အသင်းမှ သိရသည်။